Wednesday, May 9, 2012

လွယ်ဂျယ်လမ်း KIA ပဒေသာမိုင်း တိုက်ခိုက်မှုတွင် မြန်မာအစိုးရစစ်သား အကျဆုံးများ

KNG

ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းမပေါ် မြန်မာ အစိုးရ စစ်ကြောင်း ၂ ကြောင်းအား ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) မှ မေ ၇ ရက်၊ တနင်္လာနေ့က ပဒေသာ မိုင်းများဖြင့် တိုက်ခိုက် ခဲ့ရာ အစိုးရ စစ်သား ထိခိုက် ကျဆုံးမှု များကြောင်း KIA က ဆိုသည်။

ဗန်းမော် (မန်မော်)မှ လွယ်ဂျယ်သို့ တက်လာသည့် အစိုးရ စစ်ကြောင်းကို လော့မွန် (Law Mun) နှင့် စိန်လုံ (Sinlum) ကြား ၂ နေရာတွင် ပဒေသာ မိုင်းများဖြင့် KIA တပ်မဟာ ၃ စစ်သား များနှင့် KIA အ ရပ်သား တပ်ဖွဲ့ များက ပူးပေါင်း တိုက်ခိုက်ခဲ့ သည်ဟု တပ်မဟာ ၃ အရာ ရှိ များဆို သည်။

ယင်း မိုင်း ပဒေသာ တိုက်ခိုက် မှုတွင် မြန်မာ စစ်သား ၄၀ နီးပါး ကျဆုံးပြီး အများ အပြား ဒဏ်ရာ ရရှိခဲ့ သည်ဟု ဒေသခံ များနှင့် KIA တပ် မဟာ ၃ အရာရှိ များက KNG ကချင် သတင်း ဌာနသို့ ပြောသည်။

ရှေ့ရက် တနင်္ဂနွေ နေ့ကလည်း ဗန်းမော် - ကိုင်ထိပ်-နမ့်ခမ်းလမ်း ကြောင်းတွင် အင်အား ၁၀၀ နီးပါးရှိ မြန်မာ စစ်တပ် တပ်မ ၉၉ စစ် ကြောင်းအား ၂ နေရာ တွင် KIA တပ်ရင်း ၁ နှင့် ၂၇ တပ်ဖွဲ့များမှ ခြုံခို တိုက်ခိုက် ခြင်းများ ပြုလုပ် ခဲ့သည်။

တိုက်ခိုက်မှုတွင် စစ်ကြောင်းမှူးအပါဝင် မြန်မာစစ်သား ၃၀ ကျော် ကျဆုံးပြီး အချို့ဒဏ်ရာရရှိသည်ဟု KIA တပ်ရင်း ၁ နှင့် ၂ အရာရှိ များ ဆို သည်။

ယင်း စစ်ကြောင်းသည် ကိုင်ထိပ်စခန်းမှ နမ့်ခမ်းသို့ ထွက်သွားစဉ် အင်အား ၁၀၀ နီးပါးရှိသော်လည်း တိုက်ခိုက်ခံရပြီးနောက် မူလစခန်းသို့ ပြန်လာသော စစ်သား ၄၀ လောက်သာရှိသည်ဟု မျက်မြင် သက်သေများ က KNG ကချင် သတင်း ဌာန သို့ ပြောသည်။

မတ်လ က သမ္မတဦးသိန်းစိန် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား နိုင်ငံရေးစကားပြောရန် တွေ့ဆုံခြင်း ကျဆုံးပြီးနောက် ဧပြီ ၁ ရက်နေ့မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ဖက်စစ်ပွဲအရှိန် တက်လာသည်။

No comments: