Tuesday, May 1, 2012

NLD ကျမ်းကျိန် မည့်နေ့ လွှတ်တော် တက်ရန် လွှတ်တော် ကိုယ်စား လှယ်များ အား ဖိတ်ကြား


မနေ့က ၂၃ ရက်မြောက်နေ့တွင် လွှတ်တော် (၂) ရပ်၏ ပုံမှန် အစည်းအဝေးမှာ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း မေလ ၂ ရက်နေ့တွင် NLD အမတ်များ လွှတ်တော်တက် ကျမ်းကျိန်မည် ဖြစ်သဖြင့် လွှတ် တော် ၂ ရပ်မှ အမတ်များကို ဆက်လက် ဖိတ်ကြားထားကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက ပြောသည်။

လွှတ်တော် ၂ ရပ်စလုံးက ဒီနေ့မှာ ပီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မေလ ၂ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ လွှတ်တော်ကိုယ် စားလှယ်တွေက လွှတ်တော် တက်ပြီး ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်တဲ့ အတွက် မေလ ၂ရက်နေ့မှ လွှတ်တော် ဆက်တက်ဖို့ ဖိတ်ကြား တာကို လွှတ်တော်မှာ ဒီကနေ့ ကျေညာ ပါတယ်" ဟု ဦးဖေသန်းက ပြောသည်။

လွှတ်တော်၏ ပုံမှန် အစည်းအဝေးမှာ ယနေ့မှာ နောက်ဆုံးရက် ဖြစ်သဖြင့် တစ်ချို့နယ်ဝေးမှ လွှတ်တော် အမတ်များမှာ အိမ်ပြန်ရန် လေ ယာဉ်လက်မှတ်များ၊ ကားလက်မှတ်များ ၀ယ်ယူ ထားကြကြောင်း သူက ဆက်ပြောသည်။

" လွှတ်တော် အမတ်တချို့က လေယာဉ် လက်မှတ်တွေ၊ ကားလက်မှတ်တွေ ကြိုထားဝယ်ထားကြပြီ ဖြစ်တယ်လို့ တင်ပြတဲ့ အခါ ဒီလို ဆိုရင်လည်း ၀ယ်ထားတဲ့ သူတွေ မတက်ရင်လည်း ရပါတယ်။ ခွင့် တိုင်ပြီး ပြန်လို့ ရတယ်လို့ ကျေညာပါတယ်။ NLD လွှတ် တော်တက် ကျမ်းကျိန်မည့်နေ့တွင် ကိုယ်စားလှယ်တွေက တက်သူက တက်၊ ပြန်သူက ပြန် ဒီလိုတော့ ရှိနိုင်ပါတယ်" ဟု ဦးဖေသန်းက ပြောသည်။

ယခုကဲ့သို့ NLD ဘက်မှ လိုက်လျော့ပေးလိုက်ပြီး လွှတ်တော်တက်မည်ဟု ကြားသိရသဖြင့် သူတို့ အနေဖြင့် ယခု လုပ်ရပ်အပေါ်မှာ ၀မ်း သာကြောင်း သူက ပြောသည်။

" ကောင်းတာပေါ့ဗျာ။ NLD ကို မျှော်လင့်နေတယ်။ ၀မ်းသာပါတယ်။ ဒီအပေါ်မှာတော့ အမြင်ရှင်းပါတယ်။ NLD လျှောပေ့းလိုက်တဲ့ အပေါ် မှာ မြန်မြန်နဲ့ လိုရင်း ရောက်သွားတာပေါ့ဗျာ။ မဟုတ်ရင် ဒီစကား လုံးကြောင့် အချိန်တွေ ကြာပြီး ရှေ့မရောက်ဘဲ မတင်မကျ ဖြစ်နေရင် တိုင်းပြည်ဘဲ နစ်နာ နိုင်ပါတယ်။ အခုတော့ မတင်မကျ ဖြစ်တဲ့နေရာကနေ ရှေ့ကို ရောက်သွားတာပါ့။ ခုလို ဖြစ်လာတဲ့ အတွက် တိုင်း ပြည် အတွက် အလာအလာကောင်းတဲ့ လက္ခဏာလို့ မြင်မိပါတယ်" ဟု ဦးဖေသန်းက ပြောသည်။

ပြည်သူများနှင့် ဒီမိုကရေစီ ပါတီ များ၏ လိုလားချက် အရ NLD ပါတီ အနေဖြင့် လွှတ်တော်သို့ မေလ ၂ ရက် တွင် ကျမ်းသစ္စာကျိန်ဆို တက် ရောက်မည်ဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စု ကြည် ကလည်း ယနေ့ ၁၀ နာရီတွင် ထုတ်ဖေါ် ကျေညာ ကြောင်း သိရသည်။

No comments: