ABC
မြန်မာနိုင်ငံ ရဲ့ ၂၀၁၅ ခု နှစ်အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းကလည်း သမ္မတအဖြစ်ဝင်ရောက်ယှဉ်ပြိုင်လိုတယ်လို့ကြေငြာခဲ့တယ်လို့ သိရပါတယ်။
မကြာသေးခင်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွါးရေး ဖေါ်ရွမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကလဲ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးကောက်ခံလိုတယ်လို့ အတိအလင်းဖြေကြားခဲ့ပါတယ်။
သူရဦးရွှေမန်းက နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွါး ဖေါ်ဆောင်တဲ့နေရာမှာ သမ္မတ ရာထူးက အရေးကြီးတဲ့အတွက်၊ သူ့အနေနဲ့လဲ ပြည်သူတွေ ရဲ့အကျိုးစီးပွါး သူများထက်ပိုပြီး တောင် ရွက်ပေး နိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်း အစီအစဉ်ကို ပြောသွားတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ပြည်သူ့လွှတ်တော် ထဲရောက်လာပြီး နောက်ပိုင်း လုပ်ငန်းတွေပိုပြီးတွင်ကျယ်လာတဲ့အကြောင်း၊ ပြည်သူတွေ အတွက် စေတနာရှိ တဲ့အကြောင်း၊ ဒါပေမဲ့ လုပ်နည်းလုပ်ဟန်၊ စွမ်းဆောင်ရည်အပိုင်းတွေ စောင့်ကြည်ရ ဦးမယ်လို့ဆိုပါတယ်။
လက်ရှိ သမ္မတ ကြီးဦးသိန်းစိန်ကလဲ ပြည်သူ တွေ လိုလားတယ်ဆို ရင် သမတ အဖြစ်ဆက်လက် ဆောင်ရွက်ဖို့ ဆန္ဒရှိ တယ်လို့ပြောခဲ့ဘူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ဖြစ်လာ နိုင်ဖို့ ပထမဦးဆုံးကျော်လွှားရမှာဖြစ်တဲ့ ခုတုံးကတော့ အခြေခံဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင် ဖို့ ဖြစ်ပါတယ်။
သူရဦးရွှေမန်းက ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ဖို့စီစစ်တဲ့ကော်မတီကို ခန့်အပ်ဖို့ရှိ ပြီး၊ ကော်မရှင်ကနေချမှတ်တဲ့ အကြံပေးပြုချက်တွေကို လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်၍ ကော်မရှင်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် အကြံပြုလာမယ်ဆို ရင်လဲ လွှတ်တော် အနေနဲ့ ဆောင်ရွက်ပေး ဖို့ အဆင်သင့်ရှိ တယ်လို့ဆိုပါတယ်။
စစ်အုပ်ချုပ်ရေး အဖွဲ့ထဲမှာ သူ ရ ဦးရွှေမန်း ရဲ့ရာထူးဟာ သမ္မတဦးသိန်းစိန်ထက်မြင့်ခဲ့ပြီး၊ အရပ်သား အစိုး ရ ဖြစ်လာတဲ့အခါမှာ သမ္မတဦးသိန်းစိန်ထက်နိမ့်တဲ့ ရာထူး ကိုရောက်ခဲ့တာ ဖြစ်ပါတယ်။

No comments:
Post a Comment