ABC
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က လာမယ့် လမှာ ဗြိတိန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။
ဥရောပတိုက်ရဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ်အတွင်း နိုင်ငံပေါင်း ၄ နိုင်ငံလောက် သွားရောက် လည်ပတ်နိုင်တယ်လို့ အစိုးရအရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းကို ပြောပြခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းကပဲ ဥရောပတိုက်တွင်းက နိုင်ငံ ငါးနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပေမယ့် အဲဒီအချိန်တုန်းက ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံကို မသွားရောက်ခဲ့ဘူးလို့ သိရပြီး ဇူလိုင်လလည်ပိုင်းမှာ သွားရောက်မယ့် ခရီးစဉ်မှသာ အဲဒီနှစ်နိုင်ငံကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
မကြာခင်ရက်ပိုင်းတုန်းကပဲ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအထူးခံစားခွင့်ပြုတဲ့ အဖွဲ့ဝင်အဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါတယ်။
.jpg)
No comments:
Post a Comment