Tuesday, June 4, 2013

ရိုဟင်ဂျာတွေကလေး ၂ယောက်ထက် မယူရ အမိန့်ကို အစိုးရ ပြန်လည်သုံးသပ်မယ်

ABC

မြန်မာ ​နိုင်ငံ ​ရခိုင်ပြည်နယ် ​အရေးအခင်းနဲ့ ​ပတ်သက်ပြီး ​ရိုဟင်ဂျာ ​မွတ်စလင်တွေ ​ကလေး ​၂ယေက်ထက် ​ပိုပြီး ​မယူရ ​ဆိုတဲ့ ​အမိန့် ​ထွက်ပေါ်လာတာကို ​ကုလသမဂ္ဂ ​အပါအဝင် ​လူ့အခွင့်အရေး ​အဖွဲ့ ​အစည်းတွေက ​ဝိုင်းပြီး ​ဝေဖန်ခဲ့တဲ့ ​အတွက် ​အခု ​အခါမှာ ​မြန်မာ ​အစိုးရက ​ပြန်လည် ​သုံးသပ်တော့မယ်လို့ ​သိရပါတယ်။ 

ရခိုင်ပြည်နယ်တွင်းမှာ ​စစ်အုပ်ရေးကာလကတည်းက ​ချမှတ်ခဲ့တဲ့ ​စည်းမျဉ်းကို ​အာ ​ဏာ ​ပိုင် ​တွေ ​က ​ပြန်လည် ​ထုတ်ဖေါ်ပြီး ​မြို့နယ် ​၂ ​ခုမှာ ​အတည် ​ပြုခဲ့တာ ​ဖြစ်ပါတယ်။ 

သမ္မတ ​ရဲ့ပြောခွင့် ​ရပုဂိုလ် ​ဦး ​ရဲထွဋ် ​ကတော့ ​အစိုးရ ​အနေနဲ့ ​ချမှတ်ခဲ့တဲ့မူဝါဒ ​မဟုတ်တဲ့ ​အတွက် ​ဒါကို ​စုံစမ်းစစ်ဆေးသွားမယ်လို့ ​AFP ​သတင်းကိုပြောခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်က ​လူဦးရေဟာ ​တခြားဒေသတွေထက် ​ပိုပြိး ​မြင့်မားတဲ့ ​အတွက် ​မိသားစုထဲမှာ ​လူမှုရေးစီးပွါးရေး ​ပြဿနာတွေ ​ရှိတဲ့အကြောင်း၊ ​အစိုးရ ​အနေနဲ့ ​နောင်အခါမှာ ​လူဦးရေနဲ့ ​ပတ်သက်တဲ့ ​မူဝါဒတွေ ​ကို ​နိုင်ငံတကာ ​အဆင့် ​အတိုင်း ​ထားသွားမယ်လို့ ​ဆက်ပြောပြခဲ့တယ်လို့ ​သိရပါတယ်။

ကုလသမဂ္ဂ ​ကတော့ ​ဒီအမိန့်ဟာ ​လူ့အခွင့်အရေးကို ​လွန်ဆန်တဲ့ ​အတွက် ​ပြန်ရုတ်သိမ်းဖို့ ​တောင်းဆိုခဲ့ပါတယ်။

ရခိုင်အရေးအခင်းမှာ ​ဘာမှဝင်မပြောတဲ့ ​အတွက် ​ဝေဖန်ခြင်းခံနေရတဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကလဲ ​ဒီအမိန့်ကို ​လူ့အခွင့်အရေး ​ဆန့်ကျင်တယ်လို့ ​ဝေဖန်ခဲ့ပါတယ်။

ဒါပေမယ့် ​ရခိုင်ပြည်နယ်တွင်းက ​NLD ​ပါတီရုံး ​(၈)ခုက ​နိုင်ငံတော်လုံခြုံရေး ​အတွက် ​လိုအပ်ချက်ဖြစ်တဲ့အတွက် ​ဒီမူဝါဒကို ​ထောက်ခံတယ်လို့ ​တင်ပြခဲ့တဲ့အတွက် ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​ပါတီတွင်း ​ဖိအားပေးမှုတွေ ​ရင်ဆိုင်နေရတယ်လို့လည်း ​ပြောနေကြပါတယ်။

ပြီးခဲ့တဲ့ ​နှစ် ​ရခိုင်ပြည်နယ် ​အရေး ​အခင်းမှာ ​လူပေါင်း ​၁၇၀လောက်သေဆုံးပြီး ​လူပေါင်း ​၁၄၀၀၀၀ ​လောက် ​အိုးမဲ့ ​အိမ်မဲ့ ​ဖြစ်ခဲ့ပါတယ်။

မြန်မာပြည်တွင်းမှာ ​ရှိတဲ့ ​ရိုဟင်ဂျာ ​၈သိန်းကို ​မြန်မာ ​နိုင်ငံက ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံက ​တရားမဝင် ​ခိုးဝင်နေထိုင်သူလို့ ​သတ်မှတ်ပြီး ​ကုလသမဂ္ဂ ​ကတော့ ​ကမ္ဘာပေါ်မှာ ​အပယ်ခံရဆုံး ​လူနည်းစု ​လူမျိုးလို့ ​ဆိုပါတယ်။

No comments: