ABC
မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အများပြည်သူ ၀န်ဆောင်မှုမီဒီယာဥပဒေကြမ်း ( Public Service Media) ကို လွတ်တော်မှာ တင်သွင်း နိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ်က ကြိုးစားနေတာကို မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီက ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အဆိုတင်သွင်းနိုင်ဖို့ ဝန်ကြီးဦးရဲထွဋ်က ဇွန်လ ၈ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် ကန့်ကွက်မှုတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။
အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို မီဒီယာသမားတွေက မလိုအပ်တဲ့ ဥပဒေတရပ်အဖြစ် ရှုမြင်ကြပြီး အချက် ၉ချက်ကို ထောက်ပြပြီး ဥပဒေကြမ်းကို ကန့်ကွက် ခဲ့ရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက ဦးဇော်သက်ထွေးက အခုလို ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ကျနော်တို့စာနယ်ဇင်းကောင်စီက ကန့်ကွက်ခဲ့ပါတယ်၊ ကျန်ာတို့ အချက် ၉ချက်နဲ့ Public Service Media ကို နိုင်ငံပိုင် ပြည်သူ့ဆန္ဒငွေထဲက ၇၀%ကို သုံးစွဲမယ်ဆိုတာကို ကျနော်တို့ အနေနဲ့ လုံးဝလက်မခံပါဘူး၊ ဒါဟာ private မီဒီယာတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက်ကို ပြည်သူ့ဘဏ္ဍာထဲက ၇၀% ယူ မယ်ဆိုတဲ့ဟာ ကျိုးကြောင်းဆီလျော်မှုမရှိဘူးဆိုတာရယ်၊ နောက်တချက်က Public Service Media လုပ်တဲ့အတွက်ကြောင့် ဒီအခွန်ငွေတွေကို ကင်းလွတ်ခွင့်ပြုရမယ်ဆိုတာလည်း မသင့်တော်ပါဘူး၊ နိုင်ငံသားအားလုံးဟာ တန်းတူညီမျှပဲရှိသင့်ပါတယ်။
မီဒီယာလွတ်လပ်ခွင့်တွေရှိလာပြီဆိုတဲ့ မြန်မာနိုင်ငံမှာ အခုလိုစာနယ်ဇင်းနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြန် ကြားရေးဝန်ကြီးဌာနက ရေးဆွဲတာမျိုးမဖြစ်သင့်ပဲ မီဒီယာဥပဒေ အနေနဲ့ တခုပဲရှိသင့်တယ်လို့လည်း ဦးဇော်သက် ထွေးက ဆက်ပြောပါတယ်။
ဒါဟာကျနော်တို့အတွက် အရမ်းကိုရှုပ်ထွေးစေပါတယ်၊ ဒီမိုကရက်တစ် country standard တခုမှာတော့ မီဒီယာ လောက တခုပဲရှိသင့်ပါတယ်၊ PSM လိုဟာမျိုးတွေ၊ နောက်တခုက Publication and Painting law တွေကို ထပ် ပြီး တင်တာတွေက ကျနော်တို့ ပြည်သူလူထုကိုရော၊ မီဒီယာသမားတွေကြားထဲမှာရော ရှုပ်ထွေးစေပါတယ်။
ဒါအပြင် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာ ဥပဒေတွေကို မူကြမ်းရေးဆွဲပြီး လွတ်တော်မှာ တင်သွင်းနိုင်ဖို့ ကြိုး စားလာတာဟာ မြန်မာနိုင်ငံရဲ့ မီဒီယာလောကအပေါ် လွမ်းမိုးဖို့ ကြိုးစားလာတာဖြစ်နိုင်လို့ မီဒီယာသမား တွေ ဘက်က သုံးသပ် ရှုမြင်နေကြတယ်လို့ သိရပြီး မီဒီယာသမားတွေရဲ့ ဆန္ဒသဘောထားတွေနဲ့ ရေးဆွဲပြီး သွားပြီ ဖြစ်တဲ့ မီဒီယာ ဥပဒေကို မြန်မာစာနယ်ဇင်း ကောင်စီအနေနဲ့ ဇွန်လအတွင်းမှာကျင်းပမဲ့ လွတ်တော်မှာ တင်သွင်းသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံတခုကို ထူထောင်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ အစိုးရအနေနဲ့ရော၊ သက်ဆိုင် ရာ ၀န်ကြီးဌာနအနေနဲ့ရော ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ကိုဇော်သက်ထွေးက ပြောခဲ့တယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment