ABC
မြန်မာစစ်တပ်နဲ့ ကချင်လွှတ်မြောက်ရေးတပ် ကေအိုင်အေ တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည်တွေကို အရေးပေါ် အကူအညီပေးနိုင်ဖို့ ဒေါ်လာ သန်းပေါင်း ၅၀ လိုအပ်နေတယ်လို့ အလျူရှင်အဖွဲ့အစည်းတွေက တောင်းခံထားပေမယ့် ခုလောလောဆယ် ဒေါ်လာ လေးသန်းကျော်သာ လက်ခံရရှိထားတယ်လို့ သိရပါတယ်။
ဒုက္ခသည်အများစုဟာ တရုတ်-မြန်မာ နယ်စပ် တလျောက်မှာ နေထိုင်ကြတာဖြစ်ပြီး အဲဒီနေရာတွေဟာ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အေဂျင်စီတွေ သွားရောက်ဖို့ ခက်ခဲတဲ့ ဒေသဖြစ်ပါတယ်။
ဒုက္ခသည်တွေကို ကူညီဖို့ မြန်မာအစိုးရက ခွင့်ပြုထားပေမယ့် မြန်မာအစိုးရ ချုပ်ကိုင်ထားတဲ့ နယ်မြေတွေ အထိသာ နိုင်ငံတကာ အလျူရှင်တွေ ရောက်ရှိနိုင်ပြီး ကချင်တပ်တွေ အုပ်ချုပ်တဲ့ ဒေသတွင်းကို ဂျူလိုင်လကတည်းက သွားရောက်မှု မလုပ်နိုင်တော့ဘူးလို့ သိရပါတယ်။
ဒုက္ခသည်တွေရှိရာဒေသမှာ မိုးတွေဆက်တိုက် ရွာသွန်းနေပြီး အရင်က အမိုးအကာအဖြစ် အသုံးပြုခဲ့တဲ့ ဝါးတွေ ဆွေးမြေ့လာပြီး မိုးယိုဒဏ်ကို ခံနေကြရတယ်လို့ ပြည်တွင်းက IDP တွေနဲ့ ဒုက္ခသည်တွေကို အကူညီတွေ ပေးနေတဲ့ RANIR အဖွဲ့က ပြောပါတယ်။
တချို့စခန်းတွေဟာ တောင်အမြင့်တွေပေါ်မှာ တည်ရှိတဲ့အတွက် အအေးဒဏ်ကို ခံစားနေရပြီး အဝတ်အထည် မလုံလောက်သလို အနွေးဓာတ်ရဖို့နဲ့ ချက်ပြုတ်ဖို့အတွက် ထင်းတွေလည်း ရှာဖွေဖို့ အခက်အခဲကြုံနေကြရတယ်လို့ Thomson Reuters သတင်းအရ သိရပါတယ်။
လိုအပ်တဲ့ ကူညီထောက်ပံ့ငွေ သန်းပေါင်း ၅၀ ရရှိမယ်ဆိုရင် ဒုက္ခသည်အယောက်ပေါင်း တစ်သိန်းကျော်ကို ဒီဇင်ဘာလအထိ ကူညီထောက်ပံ့မှုတွေ လုပ်နိုင်မယ်လို့လည်း သိရပါတယ်။
ခုလောလောဆယ်အချိန်အထိ မြန်မာနိုင်ငံ ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသမှာ အကူညီတွေပေးနိုင်ဖို့ ကနေဒါနိုင်ငံ အခြေစိုက် NGO အဖွဲ့တွေ စုပေါင်းထားတဲ့ အဖွဲ့ဆီကသာ ဒေါ်လာ ၄.၂ သန်း လက်ခံရရှိထားကြောင်းလည်း သိရပါတယ်။

No comments:
Post a Comment