ABC
မြန်မာနိုင်ငံကို အရင်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ထွက်ခွာသွားတဲ့ ကိုကာကိုလာ အချိုရည်ကုမ္ပဏီ အနေနဲ့ မနေ့က ရန်ကုန်မြို့မှာ တရားဝင်ရုံးပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဒေါ်လာသန်း နှစ်ရာတန်ဖို့နဲ့ ညီမျှတဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်မယ်လို့ သိရပါတယ်။
အခုလိုမြန်မာနိုင်ငံထဲကို ပြန်လာတဲ့အတွက်ကြောင့် ကိုကာကိုလာ ကုမ္ပဏီကနေ အလုပ်ပေါင်း ထောင်နဲ့ချီပြီး ပေးနိုင်မှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ကုမ္ပဏီတခုဖြစ်ပြီးတော့ လူသိများတဲ့ ကိုကာကိုလာ ကုမ္ပဏီဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနေတဲ့ မြန်မာနိုင်ငံထဲကို ပြီးခဲ့တဲ့နှစ်က စပြီးတော့ ပြန်လည်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ကိုကာကိုလာ ကုမ္ပဏီအနေနဲ့ လာမယ့် ငါးနှစ်အတွင်းမှာ ဒေါ်လာသန်းပေါင်း နှစ်ရာရင်းနှီးမြုပ်နှံမှာဖြစ်ပြီးတော့ အဲဒီအတွက် တိုက်ရိုက် အလုပ်ပေါင်း နှစ်ထောင်ငါးရာ ကိုပေးနိုင်မှာဖြစ်သလို အဲဒီကနေတဆင့် ဆက်စပ်တဲ့ အလုပ်ပေါင်း နှစ်သောင်းလောက်ကိုလည်း ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အရင်စစ်အစိုးရ လက်ထက်တုန်းက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိခဲ့ပေမယ့် ကိုကာကိုလာ အချိုရည်ဟာ မှောင်ခိုဈေးကွက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေတာတွေရှိခဲ့ပါတယ်။
နှစ်ပေါင်းခြောက်ဆယ်ကြာပြီးမှ အခုလို လှပတဲ့နိုင်ငံကို ကိုကာကိုလာ ကုမ္ပဏီအနေနဲ့ ၀င်ရောက်လာနိုင်တဲ့အတွက် ရာဇ၀င်တွင်တဲ့ မှတ်တိုင်တစ်ခုလို့ ကိုကာကိုလာ ကုမ္ပဏီက အကြီးအကဲ မူထာ ခန့် Muhtar Kent က ပြောပါတယ်။
No comments:
Post a Comment