Thursday, June 13, 2013

မလေးရောက် မြန်မာများ မြန်မာ့ အမျိုးသားရေး လူမှုကွန်ရက် ကော်မတီ အရေးပေါ် ဖွဲ့စည်း

ရွှေဟင်္သာ

မလေးရှား နိုင်ငံတွင် ဖြစ်ပွား ခဲ့သည့် မြန်မာ နိုင်ငံသားများ အကြမ်းဖက် သတ်ဖြတ်မှု ခံရခြင်း များနှင့် စပ်လျဉ်း၍ အရေးပေါ် အခြေအနေအရ “မြန်မာ့ အမျိုးသား လူမှု ကွန်ရက် ကော်မတီ” Myanmar Nationalistic Social Network Committee အား ယနေ့ ရက်စွဲဖြင့် စတင် ဖွဲ့စည်း လိုက်ကြောင်း ယင်းကော်မတီမှ ကြေငြာချက် ထုတ်ပြန်သည်။

မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားများ အရေး ကူညီ ဆောင်ရွက် ပေးနေကြသော နာရေး ကူညီမှု အသင်းများ၊ လူမှုကွန်ရက်များ၊ တိုင်းရင်းသား ဒုက္ခသည် အဖွဲ့အစည်း များနှင့် မြန်မာ့ အတိုက်အခံ အဖွဲ့ စုပေါင်း၍ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

ယင်းကော်မီတီသည် ဖွဲ့စည်းပုံ အရ အရေးပေါ် အခြေအနေ အချိန်ကာလ တစ်ရပ် အတိုင်းအတာ တစ်ခု အထိသာ တည်ရှိမည် ဖြစ်ကာ ပုံမှန် အခြေအနေ ရောက်ရှိ သွားပါက အလိုအလျောက် ပျက်ပြယ်မည် ဖြစ်သည်ဟု ထုတ်ပြန် ထားပါသည်။

မည်သို့သော လုပ်ငန်း ဆောင်တာ များကို လုပ်ဆောင်မည့် အပိုင်းနှင့် ပတ်သက်၍မူ ကြေငြာချက်၌ အသေးစိတ် ထုတ်ပြန် ထားခြင်း မရှိပေ။ ထို့ပြင် ပြည်တွင်း ပြည်ပမှ လှူဒါန်းသော အလှူငွေ များသည်လည်း ယခု ဖွဲ့စည်း လိုက်သည့် ကော်မတီနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဟု ထုတ်ပြန် ရေးသား ထားပါသည်။

No comments: