ABC
မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း များစွာ ဆိုးသွမ်းလှတဲ့ စစ်အုပ်ချုပ်မှု လက်အောက်မှာ အပယ်ခံ အဖြစ် ပျက်စီးယိုယွင်းသွားခဲ့ တဲ့ စီးပွါးရေး တွေ ကြောင့် ကျန်ရှိခဲ့တဲ့ ဆင်းရဲမွဲတေမှုတွေ ကို တိုက်ဖျက်သွားမှာဖြစ်တဲ့ အကြောင်း နိုင်ငံတော်သမ္မတကြီး ဦး သိန်းစိန်က မနေ့ကပြောခဲ့ ပါတယ်။
သမ္မတကြီး အနေနဲ့ မိန့်ခွန်းပြော နေတဲ့ တချိန်ထဲမှာပဲ လူပေါင်း ၂၀၀ လောက် ပါဝင်တဲ့ ဆန့်ကျင်ဆန္ဒပြပွဲ မှာ မိချောင်းကန်ကျေးရွာက လယ်မြေများ အတင်း အဓမ္မ သိမ်းစည်း ခံခဲ့ရသူတွေက ဆန္ဒပြခဲ့ကြတယ်လို့ သိ ရ ပါတယ်။
မိန့်ခွန်းမှာသမ္မတကြီး က စီးပွါးရေးဖွံ့ဖြိုးဖို့ အခြေခံကျတဲ့ သဘာဝရေမြေတောတောင် သံယံဇာတပစ္စည်းတွေပေါများ ကြွယ်ဝ ပြီး၊ လူစွမ်းအား ဇစ်မြစ်အခြေခံကောင်းတဲ့ နိုင်ငံဖြစ်ပေမဲ့၊ ကမ္ဘာပေါ်မှာ ဖွဲ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ အဆင့်စာရင်းထဲမှာ ပါဝင်နေတဲ့ အတွက်၊ ဒီ အခြေအနေမျိုးကနေ ထွက်နိုင်အောင် ကြိုးစား ဖို့လိုတယ်လို့ ပြောသွားပါတယ်။
ဒါကြောင့်လဲ ဆင်း ရဲမွဲတွေမှု ပပျောက်ရေးကို နိုင်ငံတော်ချမ်းသာလာမှုထက် ကို ဦးစားပေး ဆောင်ရွက် ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အဆိုအရ မြန်မာ နိုင်ငံ ရဲ့လူဦးရေ ၄ ပုံ တပုံဟာ ဆင်းရဲမွဲတေတဲ့ အဆင့်မှာ ရှိ နေကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သား အုပ်ချုပ်တဲ့ အစိုး ရ တက်လာ ခဲ့ တဲ့ ၂၀၁၁ခု နှစ်က စပြီး လယ်မြေသိမ်းပိုက်ခံရမှုတွေ နဲ့ပတ်သက်ပြီး ဆန္ဒပြမှု တွေဖြစ်ခဲ့ပါတယ်။
ရန်ကုန်မှာ လူငယ်ခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးကျင်းပ
မြန်မာနိုင်ငံရန်ကုန်မြို့မှာ Young Global Leaders YGL လို့ခေါ်တဲ့ ကမ္ဘာမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ စီးပွါးရေး၊လူမှုရေး အကျော်အမော်လူငယ်ခေါင်းဆောင်များ မျက်နှာ စုံညီအစည်းအဝေး ကို စတင်ကျင်းပနေပြီဖြစ်ပါတယ်။
ဒီ အစည်းအဝေးမှာ ပြည်ပကလူငယ်ခေါင်းဆောင်တွေ မြန်မာ နိုင်ငံနဲ့ ပတ်သက်ပြီး ပိုမိုသိရှိ နားလည်မှု တွေ ရှိ လာသလိုမြန်မာ နိုင်ငံကလူငယ်ခေါင်းဆောင်တွေ အနေနဲ့လဲ အတုယူအတတ်သင် နိုင်ပြီး မြန်မာ နိုင်ငံ အနေနဲ့ရင်ဆိုင်နေရ တဲ့ အခက်အခဲ တွေကို လက်ဆုပ်လက်ကိုင် ထိရောက်အောင် အကျိုးပြုအကောင်အထည်ဖေါ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
မီးမောင်းထိုးလေ့လာ ညှိနှိုင်းဆွေးနွှေးသွားမှာဖြစ်တဲ့ အကြောင်း အရာတွေ ကတော့၊ အနုပညာ၊ ယဉ်ကျေးမှု၊ စီးပွါးရေး၊အရည်အချင်းဖြည့်တင်းရေး၊ ပညာရေး၊ကျန်းမာရေး ဝန်ဆောင်မှု၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ ငြိမ်ဝပ်ပိပြားရေးနဲ့ ပြန်လည်ပေါင်းစည်းရေး၊ ဆင်းရဲနွှမ်းပါးမှု ပပျောက်ရေး အစ ရှိ တဲ့ ကဏ္ဍတွေ ကိုဆွေးနွှေးသွားမှာဖြစ်ပါတယ်။
YGL လူငယ်ခေါင်းဆောင် တွေဟာ လူမှုရေးစီးပွါးရေး ဆိုင်ရာ တွေမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ဒေသခံ အဖွဲ့တွေ ခေါင်းဆောင်တွေ၊ ဆေးရုံတွေ၊ကျောင်းတွေ၊ ဆေးခန်းတွေ ငြိမ်းချမ်းရေးတည်ဆောက်မှု ဆိုင် ရာအဖွဲ့ အစည်းတွေ နဲ့ လက်ပွန်းတသီး ထိတွေ့ လေ့လာမှု တွေ၊ ရေ ရှည် ဆက်လက်လုပ်ကိုင်ဆောင်ရွက်မှုတွေ လုပ်ဆောင်သွား နိုင်ဖို့အတွက် တည်ဆောက်သွား ဖို့ အခွင့် အလမ်းတွေ ဖြစ်ပါတယ်။
ကမ္ဘာ ပေါ်မှာအခုလို ဆောင်ရွက်ချက်မျိုးက နေ အကျိုးဆောင် တပ်ဖွဲ့တွေ ထွက်ပေါ်လာပြီး ထူးခြားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင် ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀လောက် အထီးကျန် ဘဝကနေ လျင်မြန်တဲ့ပြောင်းလဲမှုတွေကို ဖြစ်ပေါ်လာချိန်မှာ အခုလိုလုပ်ဆောင်ချက် ဟာ အကောင်းဆုံးအခွင့်အရေးဖြစ်တဲ့အကြောင်း၊ ကွဲပြားမှုတွေ ဖြေရှင်းပြီး၊ စီးပွါးတိုးတက်ရေးတွေ မှာ လူတိုင်းစေ့ပါဝင် နိုင်မှု၊ တဦးတယေက်မှ မကျန် အကျိုး ရရှိမှု ကို တွေ့မြင် နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့စီးပွါးရေး ညီလာခံ ဟာ လဲ လူငယ်စီးပွါးရေးခေါင်းဆောင်များ အစည်းအဝေး အပြီး ဇွန်လ ၅ ရက်က နေ ၇ ရက်နေ့ အထိ နေပြည်တော်မှာကျင်းပသွားဖို့ ရှိ ပါတယ်။
No comments:
Post a Comment