Tuesday, June 18, 2013

မြန်မာက အာဆီယံအစည်းအဝေးအတွက် အသင့်ဖြစ်ခါနီးလို့သိရ

ABC

မြန်မာနိုင်ငံအနေနဲ့ ​၂၀၁၄ ​ခုနှစ်မှာ ​ကျင်းပမယ့် ​အရှေ့တောင်အာရှနိုင်ငံများ ​အသင်း ​အာဆီယံအစည်းအဝေးအတွက် ​အဆင်သင့်ဖြစ်လု ​နီးပါး ​အခြေအနေရှိနေပြီလို့ ​သိရပါတယ်။

အင်ဒိုနီးရှား ​နိုင်ငံ ​အခြေစိုက် ​မြန်မာသံအမတ် ​ဦးမင်းလွင်က ​ဂျာကတာပို့စ်ကို ​ပြောခဲ့တာဖြစ်ပြီး ​စက်တင်ဘာလ ​လောက်မှာ ​အားလုံး ​အ ​ဆင် ​သင့် ​ဖြစ်မယ်လို့လည်း ​ပြောလိုက်ပါတယ်။

၂၀၁၁ ​ခုနှစ် ​အင်ဒိုနီးရှားနိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​အာဆီယံ ​အစည်းအဝေး ​အတွင်းမှာပဲ ​မြန်မာနိုင်ငံကို ​ဥက္ကဌအဖြစ် ​အ ​လှည့် ​ပေး ​ဖို့ ​မြန်မာနိုင်ငံက ​တောင်းဆို ​လိုက်တာဖြစ်ပါတယ်။

၂၀၁၄ ​ခုနှစ်မှာ ​ကျင်းပမယ့် ​အာဆီယံ ​အစည်းအဝေးကို ​ကျင်းပဖို့ ​လာအိုနိုင်ငံက ​အလှည့်ကျပေမယ့် ​မြန်မာက ​တောင်းတဲ့အတွက် ​မြန်မာကို ​အလှည့်ပေး ​လိုက်တဲ့အပေါ် ​တချို့ ​နိုင်ငံတွေက ​စိုးရိမ်မကင်း ​ဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့် ​နောက်ပိုင်းမှာ ​မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲမှုလမ်းစတွေကြောင့် ​အာဆီယံဥက္ကဌအဖြစ် ​ဆောင်ရွက်ဖို့ ​ထိုက်တန်တယ်လို့ ​ယူဆပြီး ​အလှည့်ကျပေးလိုက်ကြတာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​အလှည့်ရမယ်ဆိုတာ ​မသိရခင်ကတည်းက ​အသင့်ပြင်ဆင်တဲ့အနေနဲ့ ​မြန်မာနိုင်ငံက ​ဗိသုကာပညာရှင်တွေကို ​အင်ဒိုနီးရှားနဲ့ ​ကမ္ဘောဒီးယားနိုင်ငံကို ​စေလွှတ်ပြီး ​အစည်းအဝေးနေရာ ​လေ့လာတာတွေ ​လုပ်ခဲ့ပြီး ​အဆင်သင့်ဖြစ်အောင် ​သွားလာရေးနဲ့ ​နေရာထိုင်ခင်းစနစ်တွေလည်း ​တိုးတက်အောင် ​လုပ်ဆောင်ထားပြီလို ​အာဆီယံရေးရာညွန်ကြားရေးမှူး ​ဦးအောင်ထူးက ​ဂျာကတာပို့စ်ကို ​ပြောခဲ့ပါတယ်။

အာဆီယံအစည်းအဝေးအတွင်း ​အဖွဲ့ဝင်နိုင်ငံတွေကြား ​အငြင်းပွားဖွယ်ရာ ​ကိစ္စတွေ ​ဆွေးနွေးနိုင်တဲ့အတွက် ​အဲဒီအတွက် ​ပြင်ဆင်မှုတွေနဲ့ ​မီဒီယာတွေကို ​ဘယ်လို ​ဆက်သွယ် ​ကိုင်တွယ် ​နိုင်မလဲဆိုတာတွေကိုလည်း ​ပြင်ဆင်မှုတွေ ​လုပ်ထားကြောင်း ​ဖော်ပြထားပါတယ်။

No comments: