ဆန်းဖြိုးထွန်း
ကယားပြည်နယ် ဘောလခဲမြို့တွင် အသစ်တည်ဆောက်နေသည့် ပွန်ချောင်းတံတားစီမံကိန်းတွင် လုပ်ငန်းခွင်ကုန်ကြမ်းများ ငွေကြေးကုန်ကျမှုနှင့် အလုပ်သမားတွေရဲ့ လုပ်အားခတွေ ပုံမှန်မရတဲ့အတွက် အလုပ်သမားတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုနေကြပါတယ်။
လုပ်ငန်းခွင်တွင်း လုပ်ကိုင်နေတဲ့ ဒေသခံတဦးက "ကျွန်တော် တို့ကုန်ကြမ်းသွင်း တဲ့နေရာမှာတော့ ဒေသပေါက်ဈေးအရ ထိုက်သင့်သလောက် တော့ရတာပေါ့ ဒါပေမယ့် အဆင်မပြေဘူးပေါ့ဗျာ အဓိက ကတော့ ငွေရေးကြေးရေးအပိုင်ပေါ့ ကျွန်တော်တို့ ၄ လပိုင်းလောက်က လုပ်ထားတာ ခုထိမရသေးဘူး။ လည်ပတ်မှုမရှိဘူးပေါ့နော် သူတို့က လည်းအဆင်ပြေအောင် မလုပ်ပေးနိုင်ဘူး။ ကျောက်လေး နည်းနည်းပုံရင် နားလိုက် အလုပ်ရှိရင်ပြီးတာပဲ တစ်ရက်စားဝတ်နေရေး အဆင်ပြေရင် ပြီးတာပဲ ဆိုပြီးလုပ်နေရတာ တကယ်တမ်းတော့ စီးပွားမဖြစ်ဘူး ငွေရေးကြေးရေးအပိုင်းမှာ ခက်ခဲတာပေါ့နော် နောက်ကမိသားစုဆီကိုလည်း ပို့ချင်တာပေါ့နော်" လို့ ပြောပါတယ်။
၎င်းတံတားမှာ ဘောလခဲမြို့မှ ရွာသစ်သို့သွားတဲ့ ပွန်ချောင်းတံတားဖြစ်ပြီး ယခင်တံတားဟောင်းမှာ ခိုင်ခန့်မှုမရှိတော့လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ အသစ်တစင်း ထပ်မံတည်ဆောက်နေတဲ့ တံတားဖြစ်ပါတယ်။
တံတားအသစ် တည်ဆောက်နေတဲ့ အလုပ်သမားအများစုမှာ လုပ်ခပုံမှန်ရရှိဘဲ နှောင့်နှေး နေတဲ့အတွက်ကြောင့် စားဝတ်နေရေး မပြေလည်မှု၊ ကြွေးမှီများတင်နေရမှု စတဲ့အခက်ခဲတွေနဲ့ ရင်ဆိုင်နေရ တာဖြစ်လို့ လုပ်အားခကို ပုံမှန်လည်ပတ်နိုင်အောင် ဆောင် ရွက်ပေးနိုင်ဖို့ ဆန္ဒရှိနေကြပါတယ်။
ရပ်ဝေးမှလာရောက်လုပ် ကိုင်နေကြတဲ့အလုပ် သမားတွေမှာလည်း လုပ်အားခမရကြလို့ နေရပ်ကို ပြန်သွားကြသူများလည်း ရှိပါတယ်။
လုပ်ငန်းခွင်မှ အလုပ်သမားတဦးကလည်း "အဆင်ပြေတဲ့နေရာကို ထွက်သွားကြတာအများကြီး အထက်က ငွေမချပေးတာလား ဆိုတာ ကျနော်တို့နဲ့လည်း မဆိုင်တော့မသိဘူးပေါ့နော် စားဝတ်နေရေး အဆင်မပြေတာတော့ အမှန်တကယ်ပဲ ဒါမေယ့် လာလုပ်ပေးတာတော့ အတိုင်းမသိ ၀မ်းသာပါတယ် အဓိကပြောချင်တာတော့ ငွေစီးဆင်းမှုလည်ပတ် အောင်လုပ်ပေးစေချင်တယ်" လို့ ပြောပါတယ်။
ယခုတည်ဆောက်နေတဲ့ ပွန်ချောင်းတံတားအရှည်မှာ (၃၂၅) ပေရှည်ပြီး ၂၀၁၃ -၂၀၁၄ ခုနှစ်အတွင်း အပြီးတည်ဆောက်မည့် တံတားဖြစ်ပါတယ်။

No comments:
Post a Comment