Friday, June 7, 2013

ဒီမိုကရေစီအရေးနဲ့ လွတ်လပ်တဲ့ စီးပွားရေးစနစ် လုပ်ဆောင်မယ်လို့ သမ္မတပြော

ABC

အရှေ့အာရှဆိုင်ရာ ​ကမ္ဘာ့စီးပွားရေးညီလာခံကို ​မနေ့ကစပြီး ​နေပြည်တော်မှာပြုလုပ်နေပြီး ​ဖွင့်ပွဲအတွင်း ​သမ္မတဦးသိန်းစိန်က ​သူ့အနေနဲ့ ​ဒီမိုကရေစီဆီကို ​ဦးတည်နေတဲ့ ​ပြုပြင်ပြောင်းလဲရေးတွေ ​ဆက်လုပ်ဖို့နဲ့ ​လွှတ်လပ်တဲ့ ​စီးပွားရေစနစ်ဆီကို ​ဦးတည်ဖို့ ​လုပ်ဆောင်မယ့်အကြောင်း ​ပြောသွားခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကနေ ​ဒီမိုကရေစီစနစ်ဆီကို ​ဦးတည်နေပြီး ​၁၉၄၈ ​ခု ​နှစ် ​မြန် ​မာ ​နိုင် ​ငံ ​လွှတ်လပ်ရေး ​ကာလကတည်းက ​စတင်ခဲ့တဲ့ ​လက်နက်ကိုင်ပဋိပက္ခကိုလည်း ​အဆုံးသတ်ဖို့ ​ကြိုးစားနေသလို ​ဗဟိုက ​ချုပ်ကိုင်ထားတဲ့ ​စီးပွားရေးစနစ်ကနေ ​လွှတ်လပ်တဲ့ဈေးကွက်စနစ် ​တည်ထောင်ဖို့ ​ကြိုးစားနေတယ်လို့ ​ပြောပါတယ်။

ဒီလိုလုပ်ဆောင်ဖို့အတွက် ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှုတွေ၊ ​တတ်သိ ​ပညာရှင်တွေက ​မြန်မာနိုင်ငံအတွက် ​အရေးကြီးတဲ့ ​ကဏ္ဍမှာ ​ပါဝင်တယ်လို့လည်း ​ဖွင့်ပွဲအမှာစကားမှာ ​သမ္မတဦးသိန်းစိန်က ​ပြောခဲ့တာ ​ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးညီလာခံကို ​နိုင်ငံပေါင်း ​ငါးဆယ်ကျော်က ​ကိုယ်စားလှယ်အယောက်ပေါင်း ​၁၀၀၀ ​ကျော် ​တက်ရောက်နေကြတာဖြစ် ​ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ​သမ္မတဦးသိန်းစိန်နဲ့အတူ ​ဗီယက်နမ်နိုင်ငံ ​နဲ့ ​လာအိုနိုင်ငံက ​ဝန်ကြီးချုပ်တွေလည်း ​အတူရှိနေခဲ့ပြီး ​အာရှတိုက်ဖွံ့ဖြိုးတိုးတက်ရေး ​အကြောင်းတွေ ​ဆွေးနွေးခဲ့ကြပါတယ်။



ဒေါ်အောင်ဆန်းစုကြည်လည်း ​ညီလာခံ ​တက်ရောက်နေ

အဲဒီညီလာခံကို ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်လည်း ​တက်ရောက်နေပြီး ​မြန်မာပြည်ရဲ့ ​အနာဂတ်ဆိုတဲ့ခေါင်းစဉ်နဲ့ ​ဆွေးနွေးမှု ​ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးမှုအတွင်း ​ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာနိုင်ငံက ​တိုင်းရင်းသားလူမျိုးအားလုံးနဲ့ ​ဘာသာပေါင်းစုံက ​လူတွေဟာ ​တရားဥပဒေရဲ့ ​အစောင့်ရှောက်ကို ​အခွင့်အရေးကို ​ရပိုင်ခွင့်ရှိတယ်လို့ ​ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခနဲ့ ​ပတ်သက်ပြီး ​ဒေါ်အောင်ဆန်းစုကြည်က ​အကြမ်းဖက်မှုမှာ ​ပါဝင်သူတွေအနေနဲ့ ​ကိုယ်ကျူးလွန်တဲ့ ​ပြစ်မှုတွေအပေါ် ​တာဝန်ခံရမယ့်အကြောင်း ​ဒါပေမယ့် ​ဒီကိစ္စမှာ ​ဘယ်သူမှန်တယ်၊ ​ဘယ်သူမှားတယ်ဆိုတာကိုတော့ ​မပြောလိုကြောင်း၊ ​ဒီလို ​ပြောလိုက်ရင် ​တစ်ဖွဲ့ဖွဲ့အတွက် ​စိတ်အနှောင့်အယှယ်ဖြစ်စေပြီး ​လူတွေက ​ပိုပြီးတော့ ​ရန်လိုမှု ​များပြားလာတာတွေ၊ ​အစွန်းရောက်မှု ​ပိုများလာတာတွေဖြစ်လာတဲ့အတွက် ​ဒီအပေါ်မှာ ​အင်မတန်စိုးရိမ်မိတယ်လို့လည်း ​ပြောပါတယ်။

မြန်မာနိုင်ငံ ​ပြောင်းလဲရေးနဲ့ ​ပတ်သက်ပြီး ​ဒေါ်အောင်ဆန်းစုကြည်က ​ခုလောလောဆယ်အချိန်အထိ ​မြန်မာနိုင်ငံရဲ့ ​ပြောင်းလဲမှုဟာ ​ပြည်သူတွေ ​လိုလားတဲ့ ​အခြေအနေ ​မရောက်သေးဘူးလို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံ ​ကျေးလက်ဒေသမှာ ​နေထိုင်တဲ့ ​လူတွေနဲ့ ​မြို့ပြက ​ဆင်းရဲသားတွေအတွက် ​တကယ်စစ်မှန်တဲ့ ​အပြောင်းအလဲလုပ်ပေးဖို့ ​အချိန်တန်ပြီလို့လည်း ​ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​သမ္မတဖြစ်လိုပါသလားလို့ ​မေးရာမှာ ​အရင်က ​ဖြေကြားခဲ့တဲ့အတိုင်း ​သူ့အနေနဲ့ ​မဖြစ်ချင်ဘူးလို့ ​ဖြေပြီး ​ဟန်ဆောင်နေမယ်ဆိုရင် ​ပြည်သူတွေအပေါ် ​မရိုးသားရာရောက်မယ်လို့ ​ဖြေဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ​ဥပဒေလည်း ​ပြင်ဆင်ဖို့ ​လိုတဲ့အကြောင်း ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောခဲ့ပြီး ​ဆွေးနွေးပွဲရဲ့ ​အဆုံးမှာ ​ဒေါ်အောင်ဆန်းစုကြည်က ​သူလူ့ဘဝထဲ ​မရှိခင်ကတည်းက ​မြန်မာနိုင်ငံဟာ ​အရင်ကတည်းက ​တည်ရှိလာခဲ့သလို ​သူမရှိတော့တဲ့ ​အချိန်မှာလည်း ​ဆက်လက်တည်ရှိမယ်ဆိုတာကို ​ယုံကြည်ကြောင်း ​ပြောကြားခဲ့ပါတယ်။ ​ဒီသတင်းနဲ့ ​ပတ်သက်ပြီး ​သတင်းပေးပို့ချက် ​ကဏ္ဍမှာလည်း ​နားဆင်ရမှာ ​ဖြစ်ပါတယ်။

No comments: