ရွှေဟင်္သာ
တနင်္ဂနွေ တပတ် အတွင်းတွင် မလေးရှားရောက် မြန်မာများ (၇) ဦး ထက်မနဲ အကြမ်းဖက် မှုကြောင့် သတ်ဖြတ်ခြင်းခံ နေရသည်ဟု အလောင်း ရှာဖွေ သဂြိုဟ်ရေး အဖွဲ့မှ တာဝန်ခံ တစ်ဦးက ဆိုပါသည်။
“ တနင်္ဂနွေ တရက်မှာ ထဲမှာဘဲ (၇) ယောက် အသတ်ခံရတယ်။ တချို့ အလောင်းတွေက ဝေးတော့ သွားယူနေတုန်း၊ တချို့ အလောင်းတွေ ကလည်း မြန်မာ သံရုံးက မှတ်တမ်း ယူပြီးမှ သင်ဂြိုလ် ရတယ်လေ။ အကြမ်းဖက် မှုတွေ ကတော့ လူအလစ်မှာ ၀င်စီးတယ်။ ပြီးတော့ မမျှော်လင့် ထားတဲ့ အချိန်မှာ တိုက်ခိုက်ကြတယ်။ ဖြစ်တာ ကတော့ အခု တလော မြန်မာ ပြည်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှု နောက်ပိုင်းမှာ စိပ်လာတယ်လေ” ဟုဆိုပါသည်။
အကြမ်းဖက် တိုက်ခိုက် သူများသည် အုပ်စု အလိုက် ဖွဲ့ပြီး ဆိုင်ကယ်ဖြင့် လည်းကောင်း၊ ကားဖြင့် လည်းကောင်း၊ လျှပ်တပျက် တိုက်ခိုက် ကြပါသည်။ အထူးသဖြင့် အုပ်စု မဲ့နေသည့် လူများကို အဓိက ပစ်မှတ် ထားပြီး၊ ယောင်္ကျားလေး များကို အပြတ်ရှင်း သလို မိန်းကလေး များကို မုဒိန်းကျင့်ပြီး သတ်ဖြတ် ကြသည်ဟု ဆိုပါသည်။
လက်ရှိ၌ သက်သေ နှင့်တကွ ရှိနေခဲ့သော အလောင်း များမှာ၊ ဂျိုးကိုးပါတူးမှ ယောက်င်္ကျားလေး အလောင်းနှစ်လောင်း၊ မာလကာ ပတ်စတန်း၌ အသတ်ခံရသော ယောင်္ကျားလေး (၃) လောင်း၊ ကလန်းထဲမှ မုဒိန်း လူသတ် ခံရသည့် အမျိုး သမီး (၂) လောင်း ပေါင်း (၇) လောင်း ရှိသည်ဟု ဆိုပါသည်။ တချို့  အလောင်း များသည် သတင်းအရ ကြားရ သော်လည်း ခရီးဝေး ကြသဖြင့် အတည်မပြု နိုင်သေးဟု ဆိုပါသည်။
ဤသည် တစ်နေ့ထဲ ရောက်ရှိ လာကြသည့် အလောင်းများ ဖြစ်သည်ဟု ဆိုပါသည်။ ထို့အပြင် ပြီးခဲ့သည့် သောကြာ နေ့၌လည်း ကပုန်း ခရိုင် ဆူပန်းရှိ ထီးစက်ရုံ၌ အလုပ် လုပ်နေသော မြန်မာ နိုင်ငံသား (၅) ဦး အကြမ်းဖက် ခံရပြီး ကိုခင်မောင်ဝင်းသည် လက်၌ ဒါဏ်ရာ ပြင်းထန်စွာ ရရှိ သွားသဖြင့် ကွာလလမ်ပူ ဆေးရုံတွင် အတွင်း လူနာအဖြစ် ကုသ နေရဆဲ ဖြစ်ကြောင်း စီစဉ် ပေးနေ ရသူ ကိုဆန်းဝင်းက ဆိုပါသည်။
ဤကဲ့သို့ အကြမ်းဖက် ခံနေရ သော်လည်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံရုံး၏ အကူအညီ မရကြ သဖြင့် မကျေမနပ် ဖြစ်ပြီး သံရုံးအား ဆန္ဒပြရန် ဖြစ်လာ ခဲ့ပါသည်။ မလေးရှား အာဏာပိုင် များကလည်း ဆန္ဒပြ မှုကို လူ (၅) ဦးဖြင့်သာ ခွင့်ပြုခဲ့ပါသည်။ ဤသို့ကြောင့် သံရုံး ဆန္ဒပြမှုတွင် အင်အား မသုံးဖြစ် ခဲ့ကြောင်း ဆိုပါသည်။
တချိန် တွင် ဆန္ဒပြမှုကို အကြောင်းပြုပြီး၊ မလေးရှား အာဏာပိုင် များသည် မြန်မာ နိုင်ငံသား တိုင်းကို ပြီးခဲ့သည့် အပတ်မှ စတင်ပြီး ဖမ်းဆီး ခဲ့ပါသည်။ မြန်မာနိုင်ငံသား များကလည်း ဤသို့သော အကာအကွယ် မဲ့နေသည့် အခြေ အနေမျိုး၌ အမိ နိုင်ငံကို ပြန်လို ကြသဖြင့် များစွာ အဖမ်း ခံနေကြကြောင်း ဆိုပါသည်။

No comments:
Post a Comment