Wednesday, June 5, 2013

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမယ်လို့ သမ္မတပြော

ABC

မြန်မာနိုင်ငံ ​အကျဉ်းထောင်တွေမှာ ​ကျန်ရှိနေသေးတဲ့ ​နိုင်ငံရေးအကျဉ်းသားအားလုံးကို ​မကြာခင်မှာ ​လွှတ်ပေးတော့မယ်လို့ ​သမ္မတဦးသိန်းစိန်က ​မနေ့က ​ရေဒီယိုကနေတဆင့် ​ပြောခဲ့ပါတယ်။

ခေတ်အဆက်ဆက်က ​ရှုပ်ထွေးခဲ့တဲ့ ​ရာဇဝတ်မှုနဲ့ ​နိုင်ငံရေးပြစ်မှု ​မကွဲပြားတဲ့ ​ကိစ္စတွေအတွက် ​အချိန်ယူ ​လုပ်ဆောင်နေရပြီး ​ဒီကိစ္စ ​ရှင်းလင်းဖို့ ​လက်ကျန်နိုင်ငံရေးအကျဉ်းသား ​စိစစ်ရေးကော်မတီကို ​ဖွဲ့စည်းခဲ့ပြီး ​မကြာခင်မှာ ​မိမိရဲ့ ​ယုံကြည်ချက်ကြောင့် ​အကျဉ်းကျခံရသူတွေ ​အားလုံး ​လွတ်ပေးမယ်လို့ ​ပြောခဲ့ပါတယ်။

ဒါပေမဲ့ ​နိုင်ငံရေးနဲ့ ​ဆက်စပ်ပြီး ​အကြမ်းဖက်မှုတွေ၊ ​လူသတ်မှု ​အစရှိတာတွေ ​ကျူးလွန်တဲ့ ​လူတွေကတော့ ​ထိုက်တန်တဲ့ ​ပြစ်ဒဏ် ​ဆက်ခံရမယ်လို့လည်း ​ပြောပါတယ်။

လှုပ်ရှားသူတွေကတော့ ​မြန်မာအကျဉ်းထောင်ထဲမှာ ​နိုင်ငံရေးအကျဉ်းသား ​၂၀၀ ​လောက် ​ကျန်ရှိနေသေးတယ်လို့ ​ပြောပါတယ်။ ​အဲ့ဒါအပြင် ​မြန်မာအစိုးရက ​နိုင်ငံရေး ​အကျိုးအမြတ်ရလိုတဲ့အခါတွေမှာ ​နိုင်ငံရေးအကျဉ်းသားကို ​အသုံးချပြီး ​လွှတ်ငြိမ်းချမ်းသာခွင့် ​ပေးတာတွေ ​လုပ်တယ်လို့ ​စွပ်စွဲထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ​လွတ်ငြိမ်းချမ်းသာခွင့် ​ရတဲ့အချိန်ဟာ ​သမ္မတအနေနဲ့ ​အမေရိကန်နိုင်ငံ ​မသွားရောက်ခင် ​အချိန်မျိုးနဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှု ​ရုတ်သိမ်းပေးတဲ့အခါမျိုးတွေမှာ ​ရံဖန်ရံခါ ​တိုက်ဆိုင်လေ့ ​ရှိပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ ​အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ​စေတနာသက်သက်နဲ့ ​လွှတ်ငြိမ်းချမ်းသာခွင့် ​ပေးနေတာဖြစ်ပြီး ​အချိန်အတိုင်းအတာတခု ​ယူရတာကလွဲပြီး ​တခြား ​နိုင်ငံရေး ​အမြတ်ထုတ်လိုမှု ​မရှိဘူးလို့ ​ပြောလိုက်ပါတယ်။

No comments: