ABC
မလေးရှားနိုင်ငံမှာ လူအုပ်စုတွေရဲ့ အကြမ်းဖက် သတ်ဖြတ်တာခံခဲ့ရတဲ့ မြန်မာပြည်သား အလောင်း ၆ လောင်းကို မနေ့ကအထိ သဂြိုလ်လို့ မရသေးဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
မေလ ၃၀ ရက်နေ့ကနေစပြီး ၈ ရက်နေ့အထိ သေဆုံးသွားကြသူတွေဖြစ်တဲ့ ကိုမင်းဇော်၊ ကိုဝင်းခိုင်၊ ကိုဝင်းလှိုင်၊ စောဘာဗလူဂေးနဲ့ အမည်မသိမြန်မာပြည်သား အလောင်းနှစ်လောင်းတို့ကို ဘယ်သူ့ဆီကမှ ခွင့်ပြုချက် မရသေးတဲ့အတွက် ခုချိန်ထ ဒီအတိုင်း ထားထားရတယ်လို့ မလေးရှားနိုင်ငံ ကမ်ပုန်းနာရေး ကူညီမှုအသင်းဥက္ကဌ ကိုဆန်းဝင်းကပြောပါတယ်။
အခုသေဆုံးသူတွေအထဲမှာ နှစ်ဦးသာပတ်စပို့စ်ရှိပြီး၊ ကျန်တဲ့လူတွေမှာ ဘာလက်မှတ်မှမရှိဘူးလို့ သိရပြီး အဲဒီလူတွေအတွက် မြန်မာသံရုံးက တစုံတရာထောက်ခံမှု ပေးခဲ့ရင် သဂြိုလ်ပေးလို့ ရနိုင်ကြောင်းလည်း ကိုဆန်းဝင်းက ပြောပါတယ်။
ကျနော်တို့ ဒီနာရေးဆီကို ပတ်စပို့စ် အမှန်နဲ့ရောက်လာခဲ့ရင် ကျနော်တို့ကိုယ်တိုင်သွားပြီး အဲဒီနာရေးသဂြိုလ်တဲ့စာ သွားယူရတယ်၊ ကျနော်တို့အခု သေတဲ့အထဲမှာ ၂ယောက်ပဲပါမစ်ရှိတဲ့သူရှိတယ်၊ အမှန်အကန်ပတ်စပို့စ်နဲ့ ကျန်တဲ့သူတွေက ဘာမှမရှိဘူး၊ အဲဒီတော့ သံရုံးကနေပြီးတော့ ဒီအလောင်းတွေကို သဂြိုလ်ဖို့ ခွင့်ပြုတယ်ဆိုတဲ့အကြောင်း ဒီနာရေးကူညီမှုအသင်း ကမ်ပုန်းကို ခွင့်ပြုတယ်ဆိုတဲ့အကြောင်း အင်္ဂလိပ်လိုရေးပေးရင် ကျနော်တို့က ရဲစခန်းတွေလိုက်ပြီး ဒီစာလေးဒီစာလေးထုတ်ပေး သံအမတ်ကြီး တံဆိပ်တုန်း လက်မှတ်နဲ့ဆိုရင်ပြီးသွားပြီ ကျနော်တို့က ဘာမှမလိုတော့ဘူး အလောင်းထုတ်ပြီး သဂြိုလ်ယုံပဲကျန်တယ်
နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်း ကတော့ မြန်မာနိုင်ငံသားတွေရဲ့ အလောင်းတွေကို မြန်မာသံရုံးက အကူအညီပေးမယ်ဆိုရင် သူတို့အနေနဲ့ အလောင်းတွေကို သက်ဆိုင်ရာ ဘာသာတွေဆီခွဲပြီး သဂြိုလ်ပေးလို့ရတယ်လို့ အခုလိုဆက်ပြောပါတယ်။
ကျနော်တို့ဘာသာ ကျနော်တို့ လူစုခွဲပြီး ကျနော်တို့အသင်းမှာ member တွေရှိတယ်၊ အဲဒီmember တွေနဲ့ ကျနော်တို့အလောင်းတွေယူမယ်၊ ခရစ်ယာန်ဆိုလည်း ခရစ်ယာန်အရ ကျနော်တို့ဒီ ခရစ်ယာန်အသင်းဆရာတွေနဲပ ကျနော်တို့ဒီမှာ church တွေမှာ ဘုရားရှိခိုးမယ်၊ အလောင်းတွေသဂြိုလ်ဖို့ အဲဒီလို ကျနော်တို့ ဆက်တိုက်စီစဉ်ပြီး ချက်ချင်းမိသားစုတွေ ဒီမှာသိပ် ရက်အကြာကြီးမခံစားရအောင် ကျနော်တို့ ကောင်းကောင်းမွန်မွန်သဂြိုလ်ပေးပါမယ် ဘာသာနဲ့ရည်ရွယ်ထားပါတယ်
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာသံရုံး အလုပ်သမားရေးရာ သံအရာရှိကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်ရာ ခရီးသွားနေတဲ့အတွက် ဖုန်းလိုင်းမကောင်းကြောင်းပြောဆိုပြီးနောက် ထပ်မံဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
လောလောဆယ်မှာတော့ မြန်မာနိုင်ငံသား အလောင်းတွေကို သဂြိုလ်နိုင်ဖို့နဲ့ လိုအပ်တာတွေ ၀ယ်ယူသုံးစွဲနိုင်ဖို့အတွက်ဆိုပြီး ပြည်တွင်း ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကနေပြီး နာရေးကူညီမှုအသင်းကို လှူဒါန်းထားတဲ့ငွေက မလေးရှား ရင်းဂစ် ၂ သောင်း ရှိပြီလို့လည်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment