Wednesday, June 19, 2013

ကြော်ငြာချိန်ကပ်လွန်းလို့ အလုပ်လျှောက်ထားသူတွေ အင်တာဗျူးနဲ့လွဲ


ချင်းပြည်နယ် ပညာရေးဝန်ထမ်း အတွက် အလုပ်လျှောက် ထားသူများ နှုတ်ဖြေ ဖြေဆိုမည့်နေ့ရက် ကြော်ငြာချိန်နှင့် နှုတ် ဖြေဖြေဆိုမည့် အချိန် ကပ်လွန်းသောကြောင့် အလုပ်လျှောက်သူ အားလုံး နီးပါး အချိန် မ မှီကြတော့ပါ။ “ အင်တာဗျူး မည့်နေ့ရက်ကို ယနေ့ ဇွန်လ ၁၈ ရက်နေ့သတ်မှတ် တယ်၊ ဒါပေမဲ့ ယမန်နေ့ ၁၇ ရက်နေ့ကပဲ အင် တာဗျူး မည့်ရက် ကို ကြော်ငြာတယ် ဆိုတော့ နယ်က အလုပ်လျှောက်ထားသူတွေ လွဲကုန်တာပေါ့ဗျာ” ဟု ဟားခါးမှ အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

ချင်းပြည်နယ် ပညာရေးဌာနအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ပြီးခဲ့တဲ့ ဧပြီလတုန်းက လူပေါင်း ၅၀၀၀ ခန့်ဖြေဆိုထားခြင်းဖြစ်ပြီးယခု နှုတ်ဖြေကို ပြန်လည်ဖြေဆိုဖို့ ခေါ်ယူထားခြင်းဖြစ်သည်။

“ ကျတော်တို့ မတူပီမြို့နယ် မရာဒေသကနေ အနည်းဆုံး ၁၀၀ လောက်လျှောက်ထားကြတယ်၊ မရတော့ဘူး၊ ဒါက သက် သက် ညစ်ပတ်တာ၊ အနည်းဆုံး တပတ်လောက်ခြားသင့်တယ်၊ ” ဟု လိုင်လင်းပီမှ ကျောင်းဆရာတဦးက ပြော သည်။

ဧပြီလ ၉ ရက်နေ့က ဟားခါးမြို့ပေါ်မှာ ပြုလုပ်သည့် ပညာရေးဝန်ထမ်း အရည်အချင်းစစ် စာမေးပွဲ တွင် လူဦးရေ ၆၈၂ ဦး ဖြေဆိုထားကြသော်လည်း ကျောင်းဆရာတဦးကမူ ချင်းပြည်နယ် ပညာရေး ၀န်ထမ်းလစ်လပ်နေရာမရှိဟု ပြောသွားသည်။

“ ကျတော်တို့ဒေသက ရူပဗေဒဘာသာရပ်နဲ့ M.Sc ဘွဲ့ရတဦးပါတယ်၊ မူလတန်းပြဆရာအတွက်ပေါ့၊ သူလဲ အချိန်မမှီ တော့ဘူးပေါ့၊ သူက ဟားခါးမှာပဲ လျှောက်လွှာတင်တာပါ ”ဟု ဟားခါးမြို့ရှိ အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

မူလတန်းပြဆရာအတွက် ဘွဲ့ရ ကျား ၄၅၊ မ ၁၄၅ဦး၊ မူလတန်းပြဆရာဆင့် ဆယ်တန်းအောင် ကျား ၃၁၊ မ ၉၈ ဦး ၊ ဓါတ်ခွဲခန်းအတွက် ဘွဲ့ရ ကျား ၄၊ မ ၉ ဦး၊ အထွေထွေလုပ်သားအတွက် ကျား ၁၆ ဦး စာရေးအဆင့် (၁) အတွက် ကျား ၃၁၊ မ ၁၂၀ ဦး အောက်တန်းစာရေးအတွက် ကျား ၅၉၊ မ ၁၂၄ဦး စုစုပေါင်း ၆၈၂ ဦး ဖြေဆိုကြသော်လည်း ၀န်ထမ်းနေရာ ဘယ်နှစ်ရာ ရာထားသည်ကို သက်ဆိုင်ရာက အသေးစိပ် မကြော်ငြာပါ။

ချင်းပညာတတ်လူငယ်များသည် ၀န်ထမ်းအလုပ်လက်မဲ့ ပြသနာကြောင့်၎င်း၊ ၀န်ထမ်းလစာ နည်းပါးမှုကြောင့်၎င်း ပြည်ပ နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကြပြီး တချို့သည် ဆိုင်ကယ် ကယ်ရီလုပ်ငန်းများဖြင့် အသက်မွေး ၀မ်းကျောင်းမှု ပြုကြသည်။

No comments: