ABC
ရခိုင်ပြည်နယ်မှာ တမိသားစု ကို ကလေး ၂ယောက်ထက်ပိုပြီး မယူရ ဆိုတဲ့ ကန့်သတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကန့်ကွက်တဲ့ကြားထဲက လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ က ထောက်ခံတယ်တဲ့အကြောင်းထုတ်ဖေါ်ပြောဆိုခဲ့တယ်လို့သိရပါတယ်။
အခုလိုကလေးမွေးတဲ့ နှုန်းကန့်သတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ လူမျိုးလို့ခေါ်တဲ့ လူမျိုးစု အမျိုးသမီးတွေ အတွက်ပိုပြီး အကျိုးရှိမယ်လို့ ဦးခင်ရီက ပြောတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကတော့ ကလေး၂ယောက်သာ ယူရမယ်လို့ ကန့်သတ်တဲ့ စည်းမျဉ်းဟာ ကလေးဖျက်ချတာတွေကို အားပေးရာရောက်ပြီး ကျန်းမာရေးအန္တရာယ်တွေ ပိုများ နိုင်တယ်လို့ဆိုပါတယ်။
အာဏာပိုင်တွေကတော့ ရိုဟင်ဂျာတွေ အပေါ် အခုလိုစည်းမျဉ်းကန့်သတ်ရတာဟာ အခြေအနေ ငြိမ်သက်မှုကို ထိန်းသိမ်းဖို့အတွက်ဖြစ်တယ်လို့ဆိုထားပါတယ်။ ဝန်ကြီး ဦးခင်ရီက တချို့မိသားစုတွေ မှာ ကလေး ၁၀ယောက်က နေ ၁၂ အထိ ရှိ ကြတဲ့ အတွက် ကလေးတွေ အဟာ ရပြည့်ဝရေး၊ပညာရေး နဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် အခက်အခဲတွေ နဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
၁၉၈၂ခု နိုင်ငံသားဥပဒေအရ မြန်မာ နိုင်ငံတွင်းမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ကိုသာ အသိအမှတ် ပြုထားတဲ့အတွက် မြန်မာနိုင်ငံမှာ ဘင်္ဂါလီလို့ ခေါ်တဲ့ လူမျိုးတွေဟာ အလိုအလျောက်နိုင်ငံသားမဲ့ အဖြစ်နဲ့ကြုံနေ ရ တဲ့ အပြင်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကလဲ ဒီလူစုကိုလုံးဝလက်မခံဘူးဖြစ်နေပါတယ်။
ဝန်ကြီးဦးခင်ရီက ဘင်္ဂါလီလူမျိုး ၁.၃၃သန်း ဟာ မြန်မာနိုင်ငံမှာ နေထိုင်ပြီး အဲဒီ က ၁.၀၈ က ရခိုင်ပြည်နယ်မှာ နေထိုင်ပြီး၊ ၄ သောင်းလောက်ဘဲ နိုင်ငံသား လက်မှတ် ရှိကြတယ်လို့ဆိုပါတယ်။ ဝန်ကြီးဦးခင်ရီက ဘဂါင်္လီ အမျိုးသမီးအများစုဟာ ဆင်းရဲမွဲတေပြီး ပညာမရှိ ကြ တဲ့အတွက်ကြောင့် သူတို့အနေနဲ့ ကလေးတွေကို စောင့်ရှောက်ရတာ ခက်ခဲ တဲ့အကြောင်း ဖြေကြားသွားတယ်လို့သိရပါတယ်။
.jpg)
No comments:
Post a Comment