ABC
ကချင်လွှတ်မြောက်ရေး ကေအိုင်အေတပ် ထိန်းချုပ်ရာ နယ်မြေထဲမှာရှိတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ မြန်မာအစိုးရက ကုလသမဂ္ဂကို ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
တစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ခွင့်ပြုလိုက်တာဖြစ်ပြီး မကြာသေးခင်ကပဲ ကချင်ကေအိုင်အိုနဲ့ မြန်မာအစိုးရတို့ကြား သဘောတူညီမှုတချို့ရရှိပြီးနောက် လူသားချင်းစာနာမှု အထောက်အပံ့တွေပေးဖို့ သွားရောက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ခွင့်ပြုချက်ရပြီးနောက် စားနပ်ရိက္ခာနဲ့ တခြားပစ္စည်းတွေကို တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၁၀ စီးကို ကုလသမဂ္ဂ ဦးဆောင်ပြီး ကေအိုင်အို ထိန်းချုပ်ရာ နယ်မြေကို သွားရောက်ခဲ့ကြပါတယ်။
ကချင်ဒေသမှာဖြစ်ခဲ့တဲ့ စစ်ကြောင့် ဒုက္ခသည် သိန်းနဲ့ချီရှိပြီး မြန်မာအစိုးရ အုပ်ချုပ်တဲ့ နယ်မြေတွင်းမှာ ရှိတဲ့ ဒုက္ခသည် တစ်ဝက်က ထောက်ပံ့ကူညီမှု ပိုမိုရရှိပြီး ကေအိုင်အေထိန်းချုပ်ရာ နယ်မြေထဲ ရှိနေတဲ့ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂက ဇူလိုင်လကစပြီး ကူညီခွင့်မရခဲ့တာ ဖြစ်ပါတယ်။
ဒီလို ခွင့်ပြုချက်ရတာကို ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး နောင်မှာလည်း ဆက်လက်ခွင့်ပြုဖို့ မျော်လင့်ကြောင်း ပြောလိုက်ပါတယ်။

No comments:
Post a Comment