ABC
မြန်မာနိုင်ငံမှာ လက်ရှိ အာဏာရ အစိုးရပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းကျိုး ဖြစ်ထွန်းစေမယ်ဆိုရင် ၂ ပါတီ ညွန့်ပေါင်း အုပ်ချုပ်ရေး ကိုလဲ ထည့်သွင်းစဉ်းစားသွါးမယ်လို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းက အမေရိကန် နိုင်ငံမှာ အေပီ သတင်းကိုပြောသွားတယ်လို့ သိ ရ ပါတယ်။
အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ရဲ့ဖိတ်ကြားချက်အရ သူရ ဦးရွှေမန်းဦးဆောင်တဲ့ ကိုယ်စားလှည် အဖွဲ့ဟာ အမေရိကန်နိုင်ငံမှာ ဇွန်လ (၈) ရက် နေ့ ကတည်းက ရောက်နေတာ ဖြစ်ပါတယ်။
သူရဦးရွေှ့မန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းတိုင်ပင်ဆောင်ရွက်မှုတွေ ရှိ နေပြီး တိုင်းပြည်အတွက်လိုအပ်မယ်ဆို ရင် ညွန့်ပေါင်းအဖွဲ့ ဖွဲ့ပြီး အုပ်ချုပ် နိုင်တယ်လို့ ပြောကြောင်း သိရပါတယ်။
လောလောလတ်လတ် ပိုပြီး အရေးကြီးတာက တဖက်နဲ့ တဖက် ယုံကြည်မှု ခိုင်မြဲအောင် တည်ဆောက်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မကြာသေးခင် က ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ခုနှစ်မှာ သမ္မတ ဖြစ်လိုတယ်လို့ ထုတ်ဖေါ်ခဲ့သလို၊ သူရဦးရွှေမန်းကလဲ အလားတူ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီး သမ္မတ ဖြစ်လိုတယ်လို့ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်လာ နိုင်ဖို့ နိုင်ငံတော်အုပ်ချုပ်ပုံ ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ အရင်လိုအပ်ပါတယ်။
ဥပဒေပြင်ဆင်ပေး နိုင်ဖို့ အလားအလာ ကိုတော့ သူရဦးရွှေမန်းက လူများစုရဲ့သဘောထားနဲ့သာ သက်ဆိုင်တဲ့အတွက် သူ့ အနေနဲ့ ဒီမေးခွန်းကို မဖြေ နိုင်ဘူးလို့ ပြောသွားပါတယ်။
မကြာသေးခင်က အလားတူမေးခွန်းမျိုးကို ABC သတင်းထောက် Jim Middleton က သမ္မတ ဦး သိန်းစိန် ကိုမေးခဲ့ပါတယ်။
သမ္မတကြီး ဦးသိန်းစိန်ကလဲ နိုင်ငံတော်အုပ်ချုပ်ပုံ ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ ဆိုတာ လွှတ်တော်ကို တင်သွင်းဖို့ လိုအပ်ပြီး လွှတ်တော်ကနေ မဲပေးဆုံးဖြတ်ဖို့ပါ လိုအပ်တာဖြစ်လို့ သူ့အနေနဲ့ အမိန့်ချ ပြင်ဆင်ပြောင်းလဲ နိုင်တာ မဟုတ်တဲ့အကြောင်း ပြောသွားပါတယ်။

No comments:
Post a Comment