Saturday, June 15, 2013

RNDP နှင့် ALD ပေါင်းစည်းရေး ဆွေးနွေးပွဲ ကိုယ်စားလှယ် (၆) ဦးစီ တက်ရောက်မည် (ပေါင်းစည်းရေး အထူး)

နိရဉ္စရာ

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့အကြား နှစ်ပါတီကို တစ်ပါတီ ဖြစ်မြှောက်ရေး အတွက် ပြုလုပ်မည့် ပေါင်းစည်းရေး အစည်းအဝေးသို့ ပါတီ တစ်ခုစီမှ ကိုယ်စားလှယ် (၆) ဦးကျစီ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ALD ဘက်မှ ကိုယ်စားလှယ် ၆ ဦးကို ပါတီ ဒုဥက္ကဌဦးကျော်မြှင့်က ဦးဆောင်မည် ဖြစ်ပြီး ပါဝင်ကြမည့် သူများမှာ ဦးမျိုးကျော် (အတွင်းရေးမှူး)၊ ဦးဘကျော် (အတွင်းရေးမှူး)၊ ဦးထွန်းကျော် ( စီအီးစီ)၊ ဦးမျိုးသွယ် (စီအီးစီ) နှင့် ဦးလှဖေ (ရန်ကုန်တိုင်း ဥက္ကဌ) တို့ ဖြစ်ကြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကိုယ်စားလှယ် အဖွဲ့ကို ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ဦးဆောင်မည် ဖြစ်ပြီး ပါဝင်ကြမည့်သူများမှာ ဦးသာထွန်းလှ ( အတွင်းရေးမှူး) ဦးထွန်းအောင်ကျော် (စီအီးစီ)၊ ဒေါ်အေးနုစိန (စီအီးစီ)၊ ဦးအောင်ကျော်ဇံ( စီအီးစီ) နှင့် ဦးခင်မောင်ကြီး (ဗဟိုကော်မတီ) တို့ ဖြစ်ကြသည်။

ပေါင်းစည်းရေး အစည်းအဝေးကို ဇွန်လ ၁၅ ရက် စနေနေ့ နံနက် (၉) နာရီတွင် ရန်ကုန်မြို့ရှိ ရခိုင်သဟာယ အသင်း ရုံးခန်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

ကွဲလွဲမူများ ရှိနေသဖြင့် ပါတီ နှစ်ခု ပေါင်းစည်းရေး အစည်းအဝေးသို့ တက်ရောက်ကြမည့် ကြားခံ အဖွဲ့အစည်းများမှ အမည်စာရင်းနှင့် တသီးပုဂ္ဂလိ များ၏ အမည် စာရင်းကို များမကြာမီ ထုတ်ပြန်မည်ဟု သိရသည်။

No comments: