လပြည့်ဝန်း
နိုင်ငံတကာတွင်းထွက် သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI) တွင် မြန်မာနိုင်ငံကို အဖွဲ့ဝင်လောင်းအဖြစ် (၂၇)ကြိမ်မြောက် (EITI) ထိပ်သီး အစည်းဝေးတွင် အတည်ပြုလိုက်သည်ဟု မြန်မာနိုင်ငံ(EITI) ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒုတိယအဖွဲ့ ခေါင်းဆောင် ကိုမင်းဇာနည်လင်းက ပြောသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်၌ မက္ကဆီကို နိုင်ငံတွင် ကျင်းပခဲ့ပြီး ၄၅ နိုင်ငံမြောက်အဖြစ် လက်ခံခြင်းဖြစ်သည်။
''(EITI) အဖွဲ့ဝင်လောင်းဖြစ်သွားပြီဆိုတော့ သဘာဝသယံဇာတအပေါ်မှာ အခွန်ဘဏ္ဍာငွေ ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်တာတွေကို နိုင်ငံတကာကကျွမ်းကျင် ပညာရှင်တွေနဲ့ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှု တွေလုပ်ဖို့လိုလာပြီ။ လောလောဆယ်မှာ(EITI)နယ်ပယ်ဘယ်လိုခွဲမှာလဲအခွန်ဘဏ္ဍာငွေကို ဘယ်လို စောင့်ကြည့်မှာ လဲဆိုတာကို သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့က ဆွေးနွေးပြီးရင် အစီရင်ခံစာ တင်သွားရမှာ ပါ”ဟု ကိုမင်းဇာနည်လင်းက ပြောသည်။
အဖွဲ့ဝင်လောင်းဖြစ်လာသော မြန်မာနိုင်ငံသည် ပထမဦးဆုံး မြန်မာနိုင်ငံ၏(EITI)အစီရင်ခံစာကို ၁၈ လ အတွင်းထုတ်ပြန်ရမည်ဖြစ်ပြီး စံချိန်မီတင်းပြည့်အဖွဲ့ဝင် နိုင်ငံဖြစ်ရန်(EITI)စံနှုန်းများအားလုံးကို သုံးနှစ်အ တွင်းဖြည့်ဆည်းရမည်ဖြစ်သည်။(EITI) အစီရင်ခံစာတွင် တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်မှုနှင့် ဆက်စပ်သောကုမ္ပဏီများမှ အစိုးရသို့ပေးငွေ၊ အစိုးရမှ ရရှိသော အခွန်ငွေများ၊ ထုတ်လုပ် မှုပမာဏ၊ လုပ် ငန်းလုပ်ပိုင်ခွင့်နှင့် ဆက်စပ်သော သတင်းအချက်အလက်များပါဝင်ရမည်ဖြစ်သည်ဟု နိုင်ငံတကာ(EITI) အဖွဲ့ နှင့် သဘောတူထားသည်။
“(EITI) လုပ်ငန်းစဉ်က အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေက ပူး ပေါင်းလုပ်ဆောင်ရမှာ ဆို တော့သုံးဖွဲ့စလုံးကအရည်အချင်းရှိဖို့လိုတယ်။အဖွဲ့ဝင်မဖြစ်ခင်တုန်းကဆိုရင် အရပ်ဘက်အဖွဲ့ အစည်း တော်တော်များကပညာရှင်တွေပါပေမယ့် အစိုးရအဖွဲ့မှာ အားနည်းတာတွေ ရှိခဲ့တယ်။ ဒါ့အပြင် ကုမ်္ပဏီ တွေကလည်း အားတက်သရော ပါဝင်မှုမရှိခဲ့ဘူး။ အဲ့ဒါတွေက အဓိကစိန်ခေါ်မှုတွေဖြစ်ခဲ့ တယ်။ ပူးပေါင်း လုပ်ဆောင်တဲ့အခါမှာ နားလည်မှုလွဲခဲ့တာတွေရှိတော့ အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လုပ်ဆောင်တဲ့နေရာ မှာ ဒါတွေ မဖြစ်ဖို့လိုလာပြီပေါ့”ဟု Natural Resources Governance Institute မှMyanmar Program Associate ဦးကိုကိုလွင်က မဇ္ဈိမကို ပြောသည်။
(EITI)ညှိနှိုင်းဆောင်ရွက်ရေးရုံးမှ ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်၌ လက်ရှိတွင်အာဆီယံဥက္ကဋ္ဌ ရာထူးရယူထားသော မြန်မာနိုင်ငံသည် အာဆီယံ ဒေသတွင်းရှိ အခြား(EITI)၊အဖွဲ့ဝင်လောင်း နိုင်ငံဖြစ် သော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်င များနှင့် လက်တွဲကာ အာဆီယံဒေသတွင်း သဘာဝသယံဇာတကဏ္ဍ စီမံအုပ်ချုပ်ရာတွင် ပွင့်လင်းမြင်သာမှု အားကောင်းလာ အောင်၊ဦးဆောင်တွန်းအားပေးဖို့လည်း အရေးကြီး ကြောင်း ဖော်ပြထားသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံသည်(EITI)အဖွဲ့ ၀င်လောင်းနိုင်ငံ ဖြစ်လာသည်ကို ယူကေ က ဂုဏ်ပြုကြောင်း ၎င်း ၏ ဗြိတိသျှသံရုံး (ရန်ကုန်)၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက် နှာတွင် ဖော်ပြထားသည်။
“သဘာဝဓာတ်ငွေ့တင်ပို့မှုသည် ပို့ကုန်အားလုံး၏ ၄၃ ရာခိုင်နှုန်းရှိသော မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးပွင့် လင်းမြင်သာမှုနှင့် ပြည်သူ့ဘဏ္ဍာသုံးစွဲရာတွင် တာဝန်ခံမှုအတွက် အရေးကြီးသောခြေလှမ်းတစ်ရပ်”ဟု ဖော်ပြထားသည်။
No comments:
Post a Comment