ရေခဲ (ပြည်)
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် တပ်မတော်သားတစ်ဦး၏ လူသတ်မှုကို စီအိုင်ဒီက စစ်ဆေးနေပြီး အရပ်ဘက်ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေက မဇ္ဈိမကို ပြောသည်။
“စီအိုင်ဒီကိုလွှဲထားပါတယ်။ ကျွန်တော်တို့ကို မလွှဲထားဘူး။ စစ်ဆေးပေါ်ပေါက်ရင်တော့ အရပ်ဘက် တရားရေးအရပဲလုပ်မှာပေါ့”ဟု ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေက ဆိုသည်။
မတ်လ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီခန့် က ပန်းတောင်းမြို့နယ်၊ အမှတ်(၉၂) ခြေ လျင်တပ်ရင်းရှိ တပ်ကြပ် ကြီးတစ်ဦး ဇနီးသည် ဦးခေါင်းနှင့်မျက်နှာတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် လဲကျနေသဖြင့် တပ်ရင်းမှ ကား ဖြင့် အမှတ်(၆)တပ်မတော်ဆေးရုံ ခုတင်(၁၀၀)သို့ ပို့ဆောင်ကုသခဲ့သော်လည်း သေဆုံးသွားခဲ့သည်။
ထိုသို့သေဆုံးခဲ့အပြီး တပ်တွင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထိုတပ်မှ တပ်သားစိုးလင်းသည် မတ် ၂၆ ရက်၊ မွန်းလွဲ ၁ နာရီတွင် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ည(၉)နာရီခွဲအချိန်တွင် ဥသျှစ်ပင်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းတွင်ဖော်ပြထားသည်။
ဖမ်းဆီးရမိသူ တပ်သားစိုးလင်းအား မေးမြန်းရာရန်ငြိုးရှိသဖြင့် တပ်ကြပ်ကြီး ဇနီး၏ ဦးခေါင်းကိုသုံးချက် မျက်နှာကိုတစ်ချက် ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်(ပြည်) သို့ တင်ပြခဲ့သည်။
ဇွန်လ ၃၀ ရက်တွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)မှ တပ်သားစိုးလင်းအား စစ်မှုထမ်းအဖြစ်မှ ထုတ် ပယ်ခဲ့ပြီး နယ်ဘက်ဥပဒေအရ အရေးယူရန် ညွှန်ကြားသဖြင့် တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီးမျိုးမင်းစိုး က ပန်းတောင်းမြို့မရဲစခန်းတွင် ဇူလိုင် ၁ ရက်၌ တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စစ်မှုထမ်းအဖြစ်မှ ထုတ်ပယ်ခံရသူ စိုးလင်းကို ပန်းတောင်းရဲစခန်း တွင် (ပ)၁၀၉ /၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ အရအမှုဖွင့်ဆောင်ရွက်ထားသည်။
No comments:
Post a Comment