Thursday, July 17, 2014

အာဇာနည်ကြီးများကို သမ္မတနှင့် ကာချုပ်တို့ အလေးပြုရန် အရပ်ဘက်အဖွဲ့များ တောင်းဆို

နန်းလွင်နှင်းပွင့်

ရန်ကုန်မြို့၊ အာဇာနည်ကုန်းတွင်ကျင်းပမည့် အာဇာနည်ခေါင်းဆောင်ကိုးဦးကို အလေးပြု အထိမ်းအမှတ် အခမ်းအနားတွင် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က လာရောက် အလေးပြုပေးရန် အရပ်ဘက် အဖွဲ့အ စည်း ၃၀ တွင် လုပ်ကိုင်နေသည့် ကျောင်းသားလူငယ်များက စာပို့တောင်းဆိုလိုက်သည်။

စာထဲတွင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က အာဇာနည် အခမ်းအနား သို့ကိုယ်တိုင်တက်ရောက်ကာဂါရ၀ပြုပေးရန် မေတ္တာရပ်ခံသည်ဟု ပါရှိသည်။

ကိုဒီငြိမ်းလင်းက“အာဇာနည်တွေက ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးပြယုဂ်ပါ။ အလေးထားရမှာပါ။ အခု နိုင်ငံတော်အုပ်ချုပ်နေသူတွေအနေနဲ့ ဂါရ၀ပြုသင့်ပါတယ်”ဟု ပြောသည်။ ပို့သည့်စာထဲတွင် နိုင်ငံပိုင်မီဒီ ယာများ နှင့်ပုဂ္ဂလိကပိုင်မီဒီယာများက အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဇူလိုင် လ ၁၉ ရက် ၊ နံနက် ၁၀ နာရီ ၃၇မိနစ်ခန့်တွင်အောက်မေ့ဖွယ်ဥသြဆွဲသံကိုတစ်မိနစ်ခန့်ထုတ်လွှင့်ပေးရန် ပြည်ထောင်စု အစိုးရက ညွှန်ကြားမှုများ ပြုလုပ်ပေးရမည်ဟုဆိုသည်။

နိုင်ငံပိုင်မီဒီယာများကအာဇာနည်ခေါင်းဆောင်များ၏ ကိုယ်ရေးအကျဉ်းနှင့် လုပ်ဆောင်ခဲ့မှုများကို ပြန်လည် ထုတ်လွှင့်ပြသခြင်းများ၊ အာဇာနည်စိတ်ဓာတ်ဟူသည် မည်သို့ဖြစ်ကြောင်းကို ပြသပေးခြင်းများ၊ လွတ်လပ် ရေးရရှိရန် တိုင်းရင်းသားဒေသအသီးသီးရှိ ပုဂ်္ဂိုလ်များ၏ ဆောင်ရွက်မှုများကိုလည်း ပြန်လည်ထုတ်လွှင့် ပေ ခြင်းများ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

ယခုကိစ္စကို ဆောင်ရွက်ကြသူများမှာ အဖွဲ့အစည်းအားဖြင့် မည်သည့်အဖွဲ့အစည်းဟူ၍ ပြောဆိုခြင်းမရှိဘဲ “အာဇာနည်သို့ ဦးညွှတ်သူများ”ဟုသာ သတ်မှတ်ထားသည်။ ထိုလူငယ်များမှာ ပန်းပျိုးလက်လူငယ်၊ Generation Wave ၊ အဖြူရောင်တွဲလက်များအဖွဲ့၊ ကဗျာချစ်သူများအသင်း၊ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ်ဖြစ် မြောက်ရေးကော်မတီ စသည့် အဖွဲ့အစည်းများမှ ဖြစ်သည်။

အဖွဲ့ဝင် ကိုပြည့်စုံက “တောင်းဆိုမှုတွေအပြင် အများပြည်သူတွေက ဥသြဆွဲသံ တွေနဲ့ဂုဏ်ပြုနိုင်အောင် ဖုန်းမြည်သံတွေ လိုက်ဖြန့်မယ်၊ ဇူလိုင်လ ၁၆ ရက်မှာလည်း လူများတဲ့နေရာတွေမှာ စတေကာတွေ လိုက် ဖြန့်မယ်”ဟု ပြောသည်။

အာဇာနည်နေ့တွင် မြေနီကုန်းတွင်လူစုကာ ဂုဏ်ပြုအထိမ်းအမှတ်များလည်း ပြုလုပ်ပြီး အဖွဲ့တွင်ပါဝင်သည့် တိုင်းရင်းသားလူငယ်များက တိုင်းရင်းသား ဘာသာစကားများဖြင့် ဂုဏ်ပြုစကားများ ပြောသွားမည်ဟု ဆိုသည်။

ယခုပြုလုပ်ခြင်းမှာ ရန်ကုန်မြို့တစ်ခု တည်းသာဖြစ်ပြီး အာဇာနည်နေ့ နီးလာသည်နှင့်အမျှ တစ်နိုင်ငံလုံးရှိမြို့ ကြီးများအနှံ့ လုပ်ဆောင်သွားနိုင်ရန် တက္ကသိုလ် ကျောင်းသားသမဂ္ဂများက စီစဉ်လျက်ရှိ သည်။

No comments: