မောင်သင်တုန်း
မြန်မာ့ငြိမ်ချမ်းရေးစင်တာ(MPC)အနေဖြင့် ပိုက်ဆံကိုင်ဆောင်ထားခြင်း မရှိသည့်အတွက် ငြိမ်းချမ်းရေးအတွက် အသုံးပြုထားသည့် ငွေကြေးများကို လွှတ်တော်တွင် လာရောက်ဖြေကြားရန် အစီးအစဉ်မရှိဟု လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မီဒီယာများကို ပြောသည်။
"မူသုံးချက် ကိုင်ဆောင်ထားတယ်။ MPC က ပိုက်ဆံကို ငါတို့မကိုင်ဘူး။ ဘယ်နေရာမှာ လှူရမယ်ဆိုတာကို ပြောတယ်”ဟု သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောသည်။
ငြိမ်းချမ်းရေးအတွက် ပြည်ပနိုင်ငံအချို့က ပေးသည့် အကူအညီ အထောက်အပံ့များနှင့် ပတ်သက်၍ "သူတို့က ပေးချင်တာကို NGO တစ်ခုခံပြီးတော့ ပေးရတယ်။ ပိုက်ဆံလုံရင်းမပေးဘူး။ ခရီးသွားတဲ့ စရိတ်တို့ အစည်းအဝေးပွဲ လုပ်တဲ့စရိတ်တို့။ အစည်းအဝေးလုပ်တဲ့အခါ တိုင်းရင်သား လေယာဉ်စရိတ်တို့ကို အဲဒီ NGO မှာသွားပြီး စာရင်းတင်မှပေးတာ”ဟု ဝန်ကြီး ဦးအောင်မင်းက ဆက်ပြောသည်။
ထိုအပြင် မြန်မာ့ငြိမ်းချမ်းရေးစင်တာအနေဖြင့် အပြင်တွင် သတင်းထွက်ပေါ်နေသည့် ကကလှမ်း(စစ်အစိုးရလက်ထက်က ထောက်လှမ်းရေး)ပုံစံမဟုတ်ကြောင်း၊ ကကလှမ်းဆိုသည်မှာ အပစ်ရှိသူများကို ဖော်ထုတ်ပြီး အရေးယူသည့်အဖွဲ့အစည်းဖြစ်သည်ဟုဆိုသည်။
"ကကလှမ်းမဟုတ်ဘူးဆိုတာကို ပြောချင်တာ။ ဘယ်သူမှလည်း အရေးယူလို့မရဘူး။ အရေးယူပိုင်ခွင့်လည်းမရှိဘူး။ MPC ဆိုတာက လွတ်မြောက်နယ်မြေဖြစ်တယ်။ ကြိုတ်တာပြောလို့ရတယ်။ ဒီမှာ ပြောလို့ အရေးယူမခံရဘူးဆိုပြီးပြောခဲ့တယ်” ဟု ဦးအောင်မင်းကပြောသည်။
သို့သော် MPC ရှေ့တွင် ဖမ်းဆီးခံရသည့် သတင်းထောက်များ လွတ်မြောက်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သတင်းသမားများကိုမူ ပုဒ်မ ၁၈ဖြင့် အမှုဖွင့် အရေးယူထားသည်။
ငြိမ်းချမ်းရေးတည်ဆောက်မှုအဆင့်ဆင့်တွင် ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့အစည်း၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် စသည့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ထောက်ခံမှုပေးသည့် အနေဖြင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများနှင့် နည်းပညာအထောက်အကူများ ပံ့ပိုးပေးလျက်ရှိသည်ဟုဆိုသည်။
No comments:
Post a Comment