စည်သူအောင်
ဧရာဝတီတိုင်း ညောင်တုန်း မြို့နယ် ရိုးကြီး ကျေးရွာ အနီးရှိ ရေနံ ဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း) စက်ရုံ တွင် စွမ်းအင် ဝန်ကြီး ဌာနနှင့် အကျိုးတူ ဖက်စပ် ဆောင်ရွက်ရန် နိုင်ငံတကာ ကုမ္ပဏီ ၂၂ခု လျှောက်ထား ခဲ့သည် ဟု စွမ်းအင် ဝန်ကြီး ဌာနက ဇူလိုင်လ ၂၅ရက်တွင် သတင်း ထုတ်ြပန် ခဲ့သည်။
လျှောက်ထားသည့် ကုမ္ပဏီ များသည် ရေနံ ဓာတ်ငွေ့ရည် ထုတ်လုပ်၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း ဆိုင်ရာ အတွေ့အကြုံရှိ လုပ်ငန်း နိုင်ငံတကာ ကုမ္ပဏီများ ဖြစ်ပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။
“ပဏာမ ရွေးချယ်တဲ့ ကုမ္ပဏီ စာရင်းကို အမြန်ဆုံး ရွေးချယ်ပြီး ထုတ်ပြန် နိုင်အောင် လုပ်နေ ပါတယ်။ ရွေးချယ်မှု လုပ်ငန်းစဉ်တွေ ရှိနေသေး တာကြောင့် ထုတ်ပြန်မယ့် ရက်ကို မပြောနိုင် သေးပါဘူး။ ဒါပေမယ့် လပိုင်း လောက်ပဲ ကြာမှာပါ ” ဟု စွမ်းအင် ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ရေနံ ဓာတ်ငွေ့ရည် စက်ရုံသည် ညောင်တုန်း ရေနံမြေမှ ထွက်ရှိသော Associted and Natural Gas များကို ကုန်ကြမ်း အဖြစ် အသုံးပြုပြီး ကုန်ချော အဖြစ် ပရိုပိန်း ရေနံ ဓာတ်ငွေ့ရည်၊ ဗြူတိန်း ရေနံ ဓာတ်ငွေ့ရည်၊ နက်ဖ်သာ ဓာတ်ဆီများကို ထုတ်လုပ်သည်။ တပ်ဆင် ထားသော စက်စွမ်းအားသည် တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေ ၁ဝ သန်း မှ ၁၆ သန်း အထိ ချက်လုပ်ပြီး ရေနံ ဓာတ်ငွေ့ရည် တန် ၃ဝ ခန့် ထုတ်လုပ် နိုင်သည် ဟု စွမ်းအင် ဝန်ကြီး ဌာနက ထုတ်ပြန် ထားသည်။
ယင်း ရေနံ ဓာတ်ငွေ့ရည် စက်ရုံကို ဖက်စပ် လုပ်ကိုင် လိုသော ကုမ္ပဏီများကို ၂ဝ၁၄ခုနှစ် ဧပြီ လလယ်ပိုင်းမှ စ၍ မေလ ၂၆ ရက် အထိ လျှောက်လွှာ လက်ခံခြင်း ဖြစ်သည်။ လျှောက်ထားသည့် ကုမ္ပဏီ ၂၂ခုတွင် ဂျပန် အခြေစိုက် Mitsui ကုမ္ပဏီ၊ JGC ကော်ပိုရေးရှင်း၊ Sojitz ကော်ပိုရေးရှင်း၊ အမေရိကန် အခြေစိုက် MyanAmer စွမ်းအင် ကုမ္ပဏီ၊ တောင်ကိုရီးယား အခြေစိုက် NK ကုမ္ပဏီ၊ ထိုင်း အခြေစိုက် PTT ကုမ္ပဏီ၊ စင်ကာပူ အခြေစိုက် PUMA ကုမ္ပဏီ စသည့် ကုမ္ပဏီတို့ ပါဝင်သည်။
မြန်မာ နိုင်ငံသည် သဘာဝ ဓာတ်ငွေ့ တူးဖော်မှုနှင့် ထုတ်လုပ် မှုကို တိုးမြှင့် နိုင်ရန် စီစဉ် နေသည့် အပြင် ရေနံစိမ်း ထုတ်လုပ်မှု တိုးမြှင့် နိုင်ရန် ပြည်တွင်း ပြည်ပ လုပ်ငန်း များကို ကုန်းတွင်းနှင့် ကမ်းလွန် လုပ်ကွက်များ ချထား ပေးခဲ့သည်။ မြန်မာ နိုင်ငံရှိ ကုန်တွင်းပိုင်း ရေနံ လုပ်ကွက်များမှ တစ်နေ့လျှင် ရေနံစည် ၈,၄ဝဝ ထုတ်လုပ်လျက် ရှိပြီး တစ်နှစ်လျှင် စည် ၃,ဝ၆၆,ဝဝဝခန့် ထုတ်လုပ် နေသည်ဟု စွမ်းအင် ဝန်ကြီး ဌာနက ထုတ်ပြန် ထားသည်။
ထို့အတူ လက်ရှိ ရေနံချက် စက်ရုံ သုံးရုံကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင် စေမည့် အပြင် ရေနံချက် စက်ရုံသစ် များကိုလည်း တည်ထောင် နိုင်ရန် ဆောင်ရွက် နေသည်။ သန်လျင် ရေနံချက် စက်ရုံကို အကျိုးတူ ဖက်စပ် လုပ်ကိုင်ရန် အဆိုပြုလွှာ များကို ဇူလိုင် ၁၄မှ စက်တင်ဘာ ၁၂ရက် အထိ ဖိတ်ခေါ် ထားပြီး ဖြစ်သည်။
No comments:
Post a Comment