Wednesday, July 2, 2014

သျှမ်း/တောင် မိုင်းပွန်တွင် ဗုဒ္ဓဘာသာ သင်တန်း စတင် ဖွင့်လှစ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း မိုင်းပွန် မြို့နယ်တွင် ယဉ်ကျေး လိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကို တနင်္ဂနွေ နေ့တိုင်း ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ပါသည်။

ဂျွန်လ ၂၉ ရက်နေ့ မနက် ၈ နာရီက မိုင်းပွန်မြို့နယ် အာဇာနည်ကျောင်းတိုက်တွင် ဓမ္မကျောင်း (ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းကျောင်း)ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းကျောင်းဖွင့်ပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေး စိုင်းစိန်ဝင်း၊ သွေးလှူရှင်များအသင်း၊ သင်တန်းသားများ နှင့်ကျောင်းဆရာ များ ၁၂၀ ကျော်တက်ရောက်ခဲ့ပါသည်။

အာဇာနည်ကျောင်းတိုက်ဆရာတော် ဦးစန္ဒာဝါလ ဘိဝံသက သင်တန်းသားများအား -“ မိမိဟာ ဗုဒ္ဓ ဘာသာသာသနာကိုယုံကြည်ကိုးကွယ်တယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို မသိရင် ကြာရင် ဘာသာ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါကြောင့် မိမိသားသမီးတွေကို အခွင့်ရတုန်း ဗုဒ္ဓဘာသာသင်တန်း တက်စေလိုပါတယ်။ ဟု မိန့်ကြားသည်။

ဓမ္မကျောင်းကို တနင်္ဂနွေနေ့တိုင်း မနက် ၈ နာရီမှ ၁၁ နာရီအထိ ၈ လတာကာလ (၂၀၁၅ မတ်ခ်ျလ အထိ ) ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း ဆရာတော်က မိန့်မှာပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်လည်း သီရိလင်္ကာနိုင်ငံ ဆန်းဒေးစကူး သင်ရိုးအတိုင်း ယဉ်ကျေးလိမ္မာ အခြေခံဗုဒ္ဓဘာသာသင်တန်း (ဓမ္မစကူး)ကို လွန်ခဲ့သောမတ်ခ်ျလက စတင်ဖွင့်လှစ်ခဲ့ပါသည်

No comments: