Mizzima
တိုင်းရင်းသားခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပထမနေ့တွင် ကျေလည်ခြင်းမရှိခဲ့သည့် “တော်လှန်ရေး” စကားလုံး ထည့်၊ မထည့်ကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဥက္ကဋ္ဌတာဝန်ယူထားသည့် ဦးဆောင်ကော်မတီက ယနေ့ည ၈နာရီ လိုင်ဇာဟိုတယ်တွင် အစည်းအဝေးတစ်ရပ်ကျင်းပမည်ဟု ထိုနေရာတွင် ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က သတင်းပေးပို့သည်။
“တော်လှန်ရေး” ဟူသည့် စကားလုံးတစ်ခုကြောင့် လိုင်ဇာတွင် ယနေ့ကျင်းပသည့် NCCT အဖွဲ့ဝင် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ကြန့်ကြာခဲ့ရသည်ဟု အစည်းအဝေးအပြီးတွင် ခေါင်းဆောင်ကိုယ်စားလှယ်များက ပြောသည်။
တိုင်းရင်းသား အဖွဲ့အစည်းများက “တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း”ဟု သုံးနှုန်းလိုသော်လည်း အစိုးရက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း” ဟုသာ သုံးနှုန်းလိုသည်။
No comments:
Post a Comment