ခင်မြတ်မြတ်ဝေ
သမ္မတအား ဆန္ဒပြသည့် ပြည်တွင်းပြည်ပ သတင်းဌာနမှ မီဒီယာသမားများကို ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ထားသည် ဆိုသည်မှာ မဟုတ်ဟု ကမာရွတ်မြို့နယ် ရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။
"ခုချိန်ထိ ဘယ်မီဒီယာကိုမှ အမှုဖွင့်ထားတာမရှိဘူး။ ဘယ်သူကမှလည်း ပုဒ်မ ၁၈နဲ့ လာမဖွင့်ဘူး"ဟု တာဝန်မှူးက ပြောသည်။
ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် သမ္မတဦးသိန်းစိန်နှင့် အနုပညာရှင်များ တွေ့ဆုံပွဲကို 'မီဒီယာဖိနှိပ်မှုရပ်'ဟူသော စာသားပါ တီရှပ်များ ဝတ်ဆင်လာသည့် သတင်းသမားများကို သတင်းယူခွင့်မပေးသည့်အတွက် MPC ရှေ့တွင် သတင်းသမားတွေက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ဦးဝိစာရလမ်းထိပ်တွင်လည်း သတင်းသမား ၁၂ဝခန့်က ပါးစပ်ကို တိတ်များဖြင့် ကပ်ကာ ကင်မရာများ ရှေ့ချ၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သတင်းသမားများက ယူနတီသတင်းဂျာနယ်မှ သတင်းထောက် လေးဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝနှစ် ချမှတ်လိုက်သည့်အပေါ် မီဒီယာလွတ်လပ်ခွင့်အတွက် ယင်းတီရှပ်များကို ဝတ်ဆင်လာခြင်းဖြစ်သည်။
No comments:
Post a Comment