Tuesday, July 22, 2014

သီလဝါအထူးစီးပွားရေးဇုန်မှ ပြောင်းရွှေ့ခံလယ်သမားများ ကာလပေါက်ဈေးအတိုင်း ပေးလျော်ရန် တောင်းဆို

ခင်မြတ်မြတ်ဝေ

ရန်ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်ရှိ ဟက်တာ ၄ဝဝ တွင်းမှ ပြောင်းရွှေ့ခံ လယ်သမားများကို အစိုးရက အိမ်နှင့် သီးနှံလျော်ကြေးများ ပေးလျော်ထားသော်လည်း မြေယာလျှော်ကြေးကို ကာလပေါက်ဈေးဖြင့် အလျော်ပေးရန် ထပ်မံတောင်းဆိုလိုက်သည်။

"သီနှံလျော်ကြေးပဲပေးတယ် မြေယာအလျော် ကြေးမပေးဘူး။ JICA(ဂျပန်အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးအေဂျင်စီ)ကို ကန့်ကွက် စာတင်ထားတယ်။ အခုလောဆယ် သူတို့က စုံစမ်းစစ်ဆေးနေတယ်။ သူတို့စစ်ဆေးတာက ကျွန်မတို့တွေ အတွက် မထူးလာရင် မထူးသလိုလုပ်မယ်" သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာမှ မစံရှားတင်က မဇ္ဈိမကို ပြောသည်။

မဲခေါင်မြစ်ဝှမ်း ဒေသစောင့်ကြည့်ရေးအဖွဲ့မှ ယင်းတို့ ချမှတ်ထားသည့် Guide line များကို အမှန်တကယ် ကျင့်သုံးခြင်း၊ မသုံးခြင်းကို နှစ်ပတ်အတွင်း လေ့လာစမ်းစစ်သွားမည်ဟုလည်း ယင်းအဖွဲ့မှ Jossuejaeae က ပြောသည်။

လက်ရှိ ကာလပေါက်ဈေးမှာ မြေယာစီမံခံခွဲရေး ကော်မတီမှ လယ်တစ်ဧကကို သိန်းရှစ်ထောင် နီးပါးဖြင့် ပြန်လည်ရောင်း ချနေသည်ဟု မစံရှားတင်က ဆိုသည်။

ဟက်တာ ၄ဝဝမှ ရွှေ့ပြောင်းခံထားရသူများကို ပေ၂၅×ပေ၅ဝမြေကွက် တစ်ကွက်နှင့် ၂၅သိန်း တန်းဖိုးရှိ အိမ်ယာများ မြိုင်သာယာရွာတွင် ပြန်လည်ဆောက်လုပ်ပေးခဲ့ပြီး သီးနှံလျော်ကြေး အဖြစ် တစ်နှစ်ကို ကျပ်၁၅သိန်းနှုန်းဖြင့် ၆နှစ်စာ လျော်ကြေးကို ၂ဝ၁၃ခုနှစ် သြဂုတ်လတွင် ပေးလျော်ခဲ့သည်။

သီလဝါ အထူးစီးပွားရေးဇုန်ကို ၁၈၉၄ခုနှစ်တွင် အစိုးရမှ သိမ်းယူခဲ့သည်။ သို့သော် လယ်သမားများမှ ၁၉၉၇ခုနှစ်မှ စတင်၍ ၂ဝ၁၂ခုနှစ်အထိ မြေခွန်ဆောင်ခဲ့၍ လယ်ယာထွန်ယက် စိုက်ပျိုးခဲ့ကြသည်။

၂ဝ၁၂ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ၆၇(ခ)၁ အရ လယ်ယာမြေများကို သိမ်းဆည်းပြီးပါက ကာလပေါက်ဈေးနှင့် လျှော်ရမည်ဟု ဥပဒေတွင် အတိအလင်းဖော်ပြထားသည် ဟု အထက်တန်းရှေ့နေ ဦးမြင့်သွင်က ဆိုသည်။

No comments: