ကေဇူး
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး ကိုယ်စားလှယ်သစ် မစ္စလီရန့်ဟီသည် ရခိုင်ပြည်နယ်သို့ ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းက ရောက်ရှိခဲ့ပြီး ဘူးသီးတောင်၊ မောင်တောရှိ ဒုက္ခသည် စခန်းများကို လေ့လာမည် ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က မဇ္ဈိမကိုပြောသည်။
“ဘူးသီးတောင်၊ မောင်တောကို သွားမယ်လို့ပြောတယ်၊ အစိုးရအဖွဲ့နဲ့လည်း တွေ့ဖို့ရှိတယ်”ဟု ဦးဝင်းမြိုင်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ နေရာတွင် အစားထိုးဝင်ရောက်လာသူ ကိုရီးရားလူမျိုး မစ္စလီရန့်ဟီ သည် ဇူလိုင်လ ၁၆ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
မစ္စလီရန့်ဟီးသည် ဇူလိုင် ၁၇ ရက်က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင် (MNHRC) တို့ နှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့သေးသည်။
ထို့ပြင် ဘာသာပေါင်စုံ ချစ်ကြည်ရေးအဖွဲ့ (ဗဟို)မှ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ ၎င်းသည် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခြင်းလည်းဖြစ်သည်။
No comments:
Post a Comment