နေမျိုးသစ်
ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရ နှင့် နိုင်ငံတကာထောက်ပံ့ကူညီရေး အဖွဲ့အစည်းများက လက်ရှိ စီးပွားရေးတိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်းနှင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို ဆက်လက်ထိန်းသိမ်း ထားမည်ဆိုပါက ၂၀၃၀ တွင် တစ်ဦးကျဝင် ငွေ ၂ ဆတိုးလာနိုင်သည်ဟုအကောင်းမြင်လျက်ရှိသည်။
သို့သော် စင်ကာပူ အရှေ့တောင်အာရှ လေ့လာရေးသိပ်္ပှုံနဗှ မှ သုတေသီ စတူးဝပ်ပေါလ်လာကင်ကမူ သယံဇာတ ထုတ်ယူရေးလုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာခြင်း၊ အစိုးရနှင့်နီးစပ် သောစီးပွားရေး လုပ်ငန်းရှင် များက ၎င်းင်းတို့အကျိုးအမြတ်ကို မြေယာ ၀ယ်ယူမြှုပ်နှံကြခြင်း၊ စားသုံးကုန် များ တင်သွင်းမှု မြင့်မားလာခြင်းတို့ကြောင့် စီးပွား ရေးအလားလာများကို ထိခိုက်နိုင်ပြီး သယံဇာတကြွယ်ဝ မှုကြောင့် ရင်ဆိုင်နေရသောဒုက္ခများကို ကြာရှည်ခံစားစေရနိုင်သည်ဟု သုံးသပ်ဝေဖန်လိုက်သည်။
ပြည်သူအားလုံး ပါဝင်ပြီး စဉ်ဆက်မပြတ်သော တိုးတက်မှုရရှိနိုင်ရန် စီးပွားရေးပုံသဏ္ဌာန် ပြုပြင်ပြောင်းလဲ ရန်နှင့် လုပ်သားအများအပြား အသုံးပြုစက်မှုလုပ်ငန်းများတည်ထောင်ရန်လိုအပ်ပြီး အခြေခံ အဆောက် အအုံများဖြည့်ဆည်းကာ ပြိုင်ဆိုင်နိုင်စွမ်း မြင့်မားလာစေရေး ငွေတန်ဖိုးချရန်လိုအပ်ကြောင်း အကြံပြုသည်။
ယခုအခါ အလှူရှင်အဖွဲ့အစည်းများက ဦးဆောင်ပြုလုပ်နေသော အုပ်ချုပ်မှုကောင်းမွန်ရေးအစီအစဉ်များ သည် ဖွံ့ဖြိုး ရေးရလဒ်များ ထွက်ပေါ်လာရေးထက် လုပ်ငန်းစဉ်များကို အလေးပေးကြောင်း၊ သို့ဖြစ်၍ ဓာတ် အားနှင့် သယ်ယူပို့ဆောင် ရေးကဏ္ဍများတွင် စိန်ခေါ်မှုများပေါ် ပေါက်လာစေကြောင်း ၎င်းလုပ်ငန်းများကို ဦးစားပေးကာ စီးပွားရေးအောင်မြင်မှု တိုင်းတာသည့် နည်းများကို တိတိကျကျ သတ်မှတ်ပေးသင့်ကြောင်း ဟု ဆိုသည်။
ထို့အပြင် ဘဏ်ချေးငွေရယူ အသုံးချနိုင်မည့်လမ်းပန်းဆက်သွယ်ရေး လုပ်ငန်း စီမံကိန်းများကိုဒေသခံ လုပ်ငန်းရှင်ကြီး များနှင့်ပူးပေါင်းဖော်ထုတ်၍ လုပ်ငန်းရှင် များကို နိုင်ငံခြားအရင်းအနှီးနှင့် နည်းပညာရယူ ကာ ဖြေရှင်းသင့်သည်။ တရုတ်နိုင်ငံ နှင့် ထူးခြားသောဆက်ဆံရေးကို အသုံးပြုကာ အခြေခံလမ်းပန်းဆက် သွယ်ရေး အဆောက်အအုံများတည်ဆောက်ရေးတွင် ဆွဲဆောင်ရန်လည်း အကြံပြုသည်။
No comments:
Post a Comment