Tuesday, July 22, 2014

၁၀နှစ်ကျော်ကြာထုတ်လုပ်ခဲ့သော စက်မှုဇုန်ကားများ ထုတ်လုပ်ခွင့် ရပ်နား

ထင်လင်းအောင်

၂၀၀၁ခုနှစ်မှ စတင်ပြီး ၁၀နှစ်ကျော်ကြာထုတ်လုပ်ခဲ့သော စက်မှုဇုန်ထုတ်ကားများကို အိုဟောင်းယာဉ်အဖြစ် အပ်နှံခွင့်ပြုလိုက်သည်နှင့်အညီ အစိုးရက ဇုန်ထုတ်ကားများ ထပ်မံထုတ်လုပ်ခွင့်ပေးခြင်းကို ရပ်နားသည်ဟု စက်မှုဝန်ကြီးဌာန အမှတ် (၁)အကြီးစားစက်မှုလုပ်ငန်းမှ ညွှန်ကြားရေးမှူးတစ်ဦးက မဇ်္ဈိမကို ဇူလိုင် ၁၇ ရက်တွင် ပြောသည်။

ဇူလိုင်လ ၁၄ ရက်မှစတင်ကာ စက်မှုဇုန်ထုတ်ကားများကို အိုဟောင်းယာဉ်အစားထိုးလဲလှယ်နိုင်ရန် လက် ခံပေးလိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ စက်မှုဇုန်ထုတ်ကားများကို ထုတ်လုပ်ထားပြီးသောလက်ကျန် အစီးရေ များမှအပ ထပ်မံထုတ်လုပ်ခြင်းများကိုမူ ရပ်နားထားခြင်းဖြစ်သည်ဟု ဆိုသည်။

အမည်မဖော်လိုသူ အဆိုပါညွှန်ကြားရေးမှူးက“ အမှတ်(၂)အကြီးစားစက်မှု လုပ်ငန်းအနေနဲ့ မြန်မာမီနီ ဘတ်စ်တွေ ရောင်းတာလည်းကုန်သွားပါပြီ။ တခြားစက်မှုဇုန်ကားတွေတော့ ထုတ်ထားပြီး ရောင်းမကုန် တဲ့ လက်ကျန်တွေတော့ ရှိဦးမှာပါ။ ဒါပေမဲ့ ထပ်ပြီးထုတ်ခွင့်ကိုတော့ ရပ်နားထားတယ် ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စက်မှုဇုန်ထုတ်ကားများကို အစီးရေ ရှစ်သောင်းကျော်ထုတ်လုပ်ထားခဲ့ခြင်းဖြစ်ကာ ဇုန် ထုတ်ဂျစ်ကား၊ စက်မှုဇုန် Truck ကား၊ မြန်မာမီနီဘတ်စ်၊ မြန်မာမီနီဆလွန်း၊ မြန်မာချယ်ရီ ဆလွန်းကား များကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အသေးစား၊ အလတ်စားစက်မှုလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး က “ ဇုန်ကားထုတ် တာတွေနဲ့ပတ်သက်လို့ လျှောက်လွှာလာတင်တာတွေတောင်မရှိတော့ပါဘူး။ လာတင်တဲ့အခါမှာလျှောက် လွှာတွေကို အထက်အရာရှိတွေဆီတင်ပြရင်တော့ပုံစံတစ်မျိုးဖြစ်ရင် ဖြစ်မယ်ထင်တယ်။ လောလောဆယ် တော့ ထုတ်နေတာမရှိပါဘူး ” ဟု ပြောသည်။

သီရိမင်္ဂလာဈေးဟောင်းယာဉ်ရောင်း ၀ယ်ရေးစခန်းမှ ၀ါရင့်ကားဝယ်ရောင်း ကိုကျော်နိုင် က “ ဇုန်ကား တွေကိုအအပ်လက်ခံနေပြီ။ ဆက်ထုတ်နေရင်လည်း ၀ယ်မယ့်သူမှရှိမှာမဟုတ်တာ။ အခုလည်းဇုန်ကား ဈေးက ဘယ်ကားဖြစ်ဖြစ် ဈေးကအရမ်းကျသွားပြီ ” ဟု ပြောသည် ။

လက်ရှိတွင် ဇုန်ထုတ်ကုန်အမျိုးအစားများအားလုံးကို ဈေးကွက်အတွင်း၌ ကျပ် ငွေ ၄၅ သိန်းသာရှိတော့ပြီး ဇုန်ကားစလစ် ဈေးမှာ သိန်း ၅၀ ခန့်သာရှိသည်။

အိုဟောင်းယာဉ်အပ်နှံမှုအနေဖြင့် ဇုန်ကားများလက်ခံမှုပြီးစီးပါက ယခုနှစ် စက်တင်ဘာလ ၁ ရက်မှ စတင် ကာ အနှစ်၂၀ သက်တမ်းဝင်မည်သည့်ကားမဆို အိုဟောင်းယာဉ်အပ်နှံမှုအဖြစ် လက်ခံမည်ဖြစ်သည်။ သို့ ရာတွင် ၂၀၁၅ မှ စ၍ အနှစ်၂၀သက်တမ်းရှိ အိုဟောင်းယာဉ်များကို ဆက်တိုက်အပ်နှံမှုလက်ခံသွား မည် ဖြစ်သော်လည်း တင်သွင်းကားအပေါ် အခွန်ကင်းလွတ်ခွင့်ကိုမှုရရှိမည် မဟုတ်တော့ဟု သတင်းထုတ်ပြန် ထားသည်။

No comments: