Saturday, July 19, 2014

သမ္မတ ဦးသိန်းစိန် အာဇာနည်ခေါင်းဆောင်များကို ရည်စူး၍ အမျှဝေ

အေးချမ်းအောင်၊ အိအိထွန်း

(၆၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဆောင်၌ အာဇာနည်များအား ရည်စူး၍ လှူဖွယ်ပစ္စည်း လှူဒန်း အမျှပေးဝေခြင်း ပြုလုပ်ခဲ့သည်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဂဠုန်ဦးစောဦးဆောင်သော အပေါင်းအပါများက သေနတ်ဖြင့် ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည့် အာဇာနည် ခေါင်းဆောင်ကြီးများ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့အား ရည်စူး၍ အမျှပေးဝေခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူးဒါန်းပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါဠိကျောင်းတိုက် ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

No comments: