Sunday, July 13, 2014

မန္တလေးတွင် လူစုလူဝေးပြဿနာ အချိန်မီ ထိန်းသိမ်းနိုင်

Mizzima

မန္တ​လေးမြို့ ပဋိပက္ခတွင် ထိန်းသိမ်းမှုများ ပြုလုပ်ခြင်း နှင့် စပ်လျဉ်း၍ ချမ်း​အေးသာစံမြို့နယ် ​မောရဂီဝါရပ်​ကွက် ၇၄လမ်း၊ ၇၅လမ်းကြား​တွင်​ လူတစ်​စု(ဆယ်ဂဏန်း)မှ ​မောရဂီဝါအုပ်​ချုပ်​​ရေးမှူးရုံးသို့ လာ​ရောက်ခဲ့ရာမှစကာ ဇူလိုင်လ ၁၂ရက် ည ၈နာရီခန့်က လူစု​လူ​ဝေးဖြစ်​​ပေါ်ခဲ့သည်​ဟု မျက်​မြင်​​တွေ့ရှိခဲ့သူများက​ပြောသည်​။

ထို့အတွက်​လုံခြုံရေးယာဉ်​များ ​ရောက်​ရှိလာကာ ၇၄လမ်း၊ ၇၅လမ်း၊ ၃၄လမ်း၊ ၃၅လမ်းတွင် အင်​အားပြည့်​ဝစွာချထားပြီး ည ၉နာရီခန့်တွင် မည်သည့် ပြဿနာမျှ မရှိဘဲ အခြေအနေအားလုံး ထိန်းသိမ်းနိုင်ခဲ့သည်။

No comments: