ဖြိုးဝေလင်း
ဆောက်လက်စ ကန်ထရိုက်တိုက်တစ်ခုတွင် လုံခြုံရေးအဖြစ် လုပ်ကိုင်နေသူ အသက် (၂၀)အရွယ် လူငယ်တစ်ဦးသည် ကျွမ်းသွားသည့် မီးချောင်းအဟောင်းကိုနံရံတွင် သွားချိတ်ရာမှ ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၂၁ ရက်၊ ည ၉ နာရီဝန်းကျင်က မရမ်းကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်ပွားပုံမှာ မရမ်းကုန်မြို့နယ်၊ (၁) ရပ်ကွက်အတွင်းရှိ ကန်ထရိုက်တိုက်တွင် အစောင့်အဖြစ် လုပ်ကိုင်နေ စဉ် ပထမထပ်ရှိ မီးချောင်းကျွမ်းသွားသဖြင့် အသစ်လဲလှယ်ပြီး မီးချောင်းအဟောင်းကို နံရံတွင် သွားချိတ် ရာမှ ဓာတ်လိုက်ခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူမှာ ကရင်တိုင်းရင်းသားဖြစ်ပြီး ဧရာဝတီတိုင်း၊ မြောင်းမြမြို့အနီးရှိ ကျေးရွာတစ်ခုမှ လာရောက် အလုပ်လုပ် ကိုင်နေသူဖြစ်ကာ ဆောက်လက်စ ကန်ထ ရိုက်တိုက်တစ်ခုတွင် လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။
သေဆုံးသူ မောင်စောဆာဘလူးထူး (၂၀)နှစ်သည် ဓာတ်လိုက်ခံရသဖြင့် လက်ဖ၀ါးနှစ်ဖက်စလုံးတွင် ညိုမဲဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်း တွင်ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘုရင့် နောင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ် စဉ်(၁၁/၂၀၁၄) ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။
ပြီးခဲ့သည့် ဇွန်လတစ်လလုံးတွင် ဓာတ် လိုက်ခံရသဖြင့် သေဆုံးသူဦးရေ ၂၀ အထိ ရှိခဲ့ပြီး လျှပ်စစ်အသုံးပြု သူများ၏ ပေါ့ဆမှုကြောင့် သေဆုံးခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သလို လမ်းမပေါ်တွင် သွယ်တန်းထားသည့် လျှပ်စစ်ကြိုး အရည်အသွေး ညံ့ဖျင်းခြင်းကြောင့် လူသေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
No comments:
Post a Comment