စိုးသန်းလင်း
သီပေါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွ၊န်းက ပြီးခဲ့သည့် သီတင်းပတ်အစ၌ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ၎င်း၏ ထပ်ဆင့်မေးခွန်းအား လွှတ်တော ဥက္ကဋ္ဌက ကန့်ကွက်ခဲ့ခြင်းကို ၎င်းက ပြန်လည် ကန့်ကွက်ခဲ့သည်။ အပေါ်လွှတ်တော်ဥက္ကဋ္ဌအား တောင်းပန်ခဲ့သည်ဟု မဇ္ဈိမကို ပြောသည်။
“ကျွန်တော်မေးခဲ့တဲ့ နိဒါန်းမေးခွန်းမှာကိုပဲ လွှတ်တော်ဥက္ကဋ္ဌ အမည်ကို အလွဲသုံးခံရပြီး ဥက္ကဋ္ဌဂုဏ်သိက္ခာ ထိခိုက်တာမျိုး မဖြစ်စေလိုပါဆိုတဲ့ စကားကို ထည့်ထားပါတယ်။ ထပ်ဆင့်မေးခွန်းကျတော့ ဥက္ကဋ္ဌ ကိုယ်တိုင်ဖြေမှ ရမယ့် အခြေအနေမျိုးဖြစ်လို့ သူရဦးရွှေမန်း ဖြေပေးပါဆိုပြီး မေးလိုက်တာကို ဥက္ကဋ္ဌက ကန့်ကွက်ပါတယ်။ အဲဒီကန့်ကွက်ချက်ကို ကျွန်တော်က ပြန်ပြီး ကန့်ကွက်ပါတယ်။ တောင်းပန်ပြီးပါပြီ” ဟု ဦးရဲထွန်က ပြောသည်။
ဇူလိုင် ၁၄ ရက်၌ မန္တလေး ၃၅ လမ်းမြေ အငြင်းပွားမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့ကို ဦးရဲထွန်းက မေးမြန်းခဲ့ရာ အစိုးရ၏ အဖြေအပေါ် မရှင်းလင်းသည့်အချက်များတွင် ဦးရဲထွန်းက သူရဦးရွှေမန်း၏ ဂုဏ်သိက္ခာကို ကာကွယ်လိုသည့် စေတနာဖြင့် သူရဦးရွှေမန်း ဖြေကြားရန် ထပ်ဆင့် မေးခွန်းထုတ်ခဲ့ခြင်းကို မူလမေးခွန်း အစီအစဉ်တွင် မပါသောကြောင့် မမေးသင့်ဟု လွှတ်တော်ဥက္ကဋ္ဌက ကန့်ကွက်ခြင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက ဝေဖန်ထောက်ပြခြင်းတို့ ဖြစ်ပွားခဲ့ကြောင်းနှင့် တစ်ပတ်အကြာတွင် ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သူရဦးရွှေမန်းအား တွေ့ဆုံတောင်းပန်ခဲ့ကြောင်း တောင်းပန်ခြင်းမှာ ဒုတိယအကြိမ်ဟုလည်း ပြောသည်။
“ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတုန်းကလည်း အစည်းအဝေး အစီအစဉ်တစ်ခုမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ကျွန်တော် အလားတူဖြစ်ခဲ့ပါတယ်” ဟု ဦးရဲထွန်းက ပြောသည်။
“ရှေ့လုပ်ငန်းတွေမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ၊့ ပြောဆိုဆက်ဆံရာမှာ စိတ်ရှည်သည်းခံခြင်း၊ နားလည်မှုရှိခြင်း စိတ်ကောင်းစေတနာဖြင့် ပူးတွဲဆောင်ရွက်ခြင်းတို့ကို မလွဲမသွေလုပ်ကြရမှာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က ဦးရဲထွန်းနဲ့ ကျွန်တော်တို့ အပြန်အလှန် ကန့်ကွက်ကြတဲ့ကိစ္စကို လွှတ်တော်ကို ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ယနေ့ပြည်သူ့ လွှတ်တော်၌ ပြောကြားခဲ့သည်။
ထို့အပြင် ကိုယ်စားလှယ်များနှင့်ဖြစ်စေ အခြားမည်သည့် အဖွဲ့အစည်းနှင့်ဖြစ်စေ မီဒီယာများနှင့်ဖြစ်စေ ထိတွေ့ဆက်ဆံရာတွင် စိတ်ရှည်သည်းခံ နားလည်မှု ရှိခြင်းတို့ကို စိတ်ကောင်းစေတနာဖြင့် ယှဉ်တွဲ ဆောင်ရွက်နိုင်ကြပါစေဟုလည်း ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
No comments:
Post a Comment