Monday, July 21, 2014

အူရီးဒူး၏ ထုန်ကုန် ဖြန့်ချိရေး ကိုယ်စားလှယ် အဖြစ် ကုမ္ပဏီ ခြောက်ခုကို ခန့်အပ်

စ ချိုကို

ဝန်ဆောင်မှုစတင်ချိန်တွင် ဈေးကွက်ဝယ်လိုအားနှင့် ရောင်းအား မျှစေရန် အသင့်ရှိဟုဆို

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသော အူရီးဒူးက ၄င်း၏ ထုတ်ကုန်များ ဖြစ်သော မိုဘိုင်းဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်များကို ဖြန့်ချိရောင်းချပေးမည့် ကုမ္ပဏီ ခြောက်ခုကို ရွေးချယ် ခန့်အပ်လိုက်ပြီဟု ဇူလိုင် ၁၉ ရက်က သတင်းထုတ်ပြန်သည်။

ထို့ပြင် မိုဘိုင်းဝန်ဆောင်မှု စတင်ပေးချိန်တွင်ဈေးကွက်ဝယ်လိုအားနှင့် ရောင်းအား မျှစေရန် အသင့်အနေအထား တွင် ရှိနေပြီဟုလည်း ဆိုသည်။

အူရီးဒူးက ခန့်အပ်လိုက်သော ကုမ္ပဏီများမှာ Great Ayewaddy တယ်လီကွန်း ၊MDG မိုဘိုင်း ၊ Consumer Group Manmay ၏ ကုမ္ပဏီခွဲဖြစ်သည့် Direct Consumer ၊Kiwi & I ကုမ္ပဏီ လိမိတက် ၊ Capital Diamond Star Group လိမိတက်၏ ကုမ္ပဏီခွဲဖြစ်သည့် Direct Consumer ၊ MDR Myanmar Sea ကုမဏီ တို့ဖြစ်ပြီး အူရီးဒူး၏ ဆင်းမ်ကတ် ၊ငွေဖြည့်ကတ်နှင့်လက်ကိုင်ဖုန်းများကို ဖြန့်ဖြူးရောင်းချပေးရန်ဖြစ်သည်ဟုဆိုသည်။

အူရီးဒူးမြန်မာ၏ အရောင်းဌာနဆိုင်ရာ အရာရှိချုပ် ဦးမြင့်ဇော်က “ ကျွှန်တော်တို့ရဲ့ နောက်ဆုံးပေါ် မျိုးဆက်သစ်မိုဘိုင်းကွန်ရက်ကို အလွယ်တကူ ရနိုင်ဖို့အတွက် လုပ်ငန်လည်ပတ်တဲ့ နေရာအသီသီးမှာ အခြားကုမ္ပဏီတွေနဲ့ အမြဲ အလုပ်လုပ်ဖို့ လက်တွဲရခြင်းဖြစ်ပါတယ် ” ဟု ဆိုသည်။

အဆိုပါ ကုမ္ပဏီများက တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အရောင်းကိုယ်စားလှယ်များ ရာနှင့်ချီ၍ ခန့်အပ်ထားပြီး ဖြစ်ကာ အခြား အရောင်းကိုယ်စားလှယ်များကိုလည်း ထပ်မံဖိတ်ခေါ်ကာ ချိတ်ဆက်လုပ်ကိုင်သွားဟုဆိုသည်။ အူရီးဒူးသည် လာမည့်နှစ်လအတွင်း ဈေးကွက်အတွင်းသို့ မိုဘိုင်းဝန်ဆောင်မှုစတင်ပေးအပ်သွားမည်ဟု ပြောကြားထားသည်။

No comments: