နန်းမြင့်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မီးလောင်မှုဖြစ်ပွားပါက အချိန်တိုအတွင်း ရှာဖွေကယ်ဆယ် ရေးဆောင်ရွက်နိုင်ရန် မီးသတ်စခန်း ၁ဝခုကို ဇူလိုင် ၂ဝရက်က တိုးမြှင့် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မီးလောင်မှုဖြစ်ပွားလျှင် အချိန်တိုအတွင်း မီးငြိမ်သတ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် ယာဉ်မတော်တဆ မှုဖြစ်ပွားလျှင် အချိန်တိုအတွင်းရှာဖွေကယ်ဆ ယ်ရေးပြုလုပ်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန လမ်းညွှန်ချက်ဖြင့် အဆိုပါ အမြန်လမ်းရှိ ရဲစခန်း ၁ဝနေ ရာတွင် မီးသတ်တပ်ဖွဲ့ဝင် ၅ဦးစီနှင့် မီးးငြှိမ်းသတ်ယာဉ် တစ်စီးစီ တိုးမြှင့်ချထားခြင်းဖြစ်သည်။
မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး လေ့ ကျင့်ပေးထားတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်မယ်ကိရိယာ အပြည်အစုံထည့်ပေးထားတယ်။ အမြုပ် မီးသတ်ဆေးရေ၊ ဓာတုဗေဒ မီးသတ်ဆေးဘူးတွေ ကားတစ်စီးစီမှာ အပြည့်အစုံပါတယ်” ဟု ပြော သည်။
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးတစ်လျှောက်ရှိ ရစခန်း ၁၅ခုတွင် ဇူလိုင် ၂ဝရက်က ရဲစခန်း ၁ဝနေ ရာ ဖြစ်သည့် ပဲခူးတိုင်းဒေသကြီး ဘောနက်ကြီးရဲစခန်း၊ဒိုက်ဦးမြို့နယ် ဘောနီရဲစခန်း၊ဥသျှစ်ကုန်းရဲ စခန်း၊ ကျောက်တံခါး မြို့နယ် မြို့ချောင်းရဲစခန်း၊ အုတ်တွင်းမြို့နယ် ဗောဓိကုန်းရဲစခန်း၊ ရေသာရှည် မြို့နယ် သာဂရရဲစခန်း၊ ဥတ္တရသီရိမြို့နယ် ပန်းတင်ရဲစခန်း၊ တပ်ကုန်းမြို့နယ် ဘုရားတောင်ရဲစခန်း၊ ပျော်ဘွယ်မြို့နယ် ပေပင်လေးရဲစခန်း၊ နွားထိုးကြီးမြို့နယ် ပြင်စီရဲစခန်းတို့တွင် မီးသတ်တပ်ဖွဲ့ဝင် ငါး ဦးစီနှင့် မီးငြှိမ်းသတ်ယာဉ် တစ်စီးတို့ဖြင့် တိုးမြှင့်ချထားပေးခြင်းဖြစ်သည်။
မဟာဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က “မီးသတ်စခန်းတွေ ထပ်ပြီး တိုးချဲ့တာတော့ ကောင်းပါတယ်။ ယာဉ်အန္တရာယ်ဖြစ်ဖြစ်၊ မီးလောင်တာ ဖြစ်ဖြစ်၊ လုံခြုံရေးနဲ့ ပတ် သက်တာပဲ ဖြစ်ဖြစ် အားလုံးအတွက် အထောက်အကူဖြစ်ပါတယ်။ ဒီအမြန်လမ်းမကြီးက မြန်မာနိုင်ငံ မှာ အကောင်းဆုံးလမ်းပါပဲ။ ယာဉ်မတော်တဆမှုက လူကြောင့်နဲ့ ယာဉ်ကြောင့်ဖြစ်တာ များပါတယ်” ဟု ပြောသည်။
၂ဝ၁၃ခုနှစ် ဇွန် ၁၆ရက်က အမှတ် ၃လမ်းမကြီးရဲစခန်း၊ဖြူးမြို့နယ် ၁၁၅မိုင်ရဲစခန်း၊နေပြည်တော် ပလွေးရဲစခန်း၊ မိတ္ထီလာမြို့နယ် သီးကုန်းရဲစခန်း၊ တံတားဦးမြို့နယ် စကားအင်း ရဲစခန်းတို့တွင် မီးသတ်တပ်ဖွဲ့ဝင် ၅ဦးစီနှင့် မီးငြှိမ်းသတ်ယာဉ် တစ်စီးစီတို့ဖြင့် ချထားပေးခဲ့ပြီး ဖြစ်သည်။
No comments:
Post a Comment