ABC
သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်ရဲ့ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့်စီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄၅ မိနစ် ကြာ တွေ့ဆုံ ခဲ့ပြီး ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံ ဥပဒေပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သြစတြေးလျ နိုင်ငံ သာမက အားလုံးရဲ့ ထောက်ခံ မှုကို လိုလား ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲမှာတော့ ဂျူလီဘိရှော့ပ်က ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ် မကင်း ဖြစ်မိတဲ့ အကြောင်း ပြောဆိုခဲ့ သလို မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြုပ်နှံရေးတွေ တိုးမြှင့် ဖို့လည်း ဆွေးနွေးခဲ့ပါတယ်။
အဲ့ဒါအပြင် သြစတြေးလျ နိုင်ငံက တက္ကသိုလ် ကျောင်းသားတွေကို မြန်မာနိုင်ငံထဲ လေ့လာ သင်ယူခွင့်ပေးဖို့ သမ္မတ ဦးသိန်းစိန်က သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ သြစတြေးလျရဲ့ ကိုလံဘို အစီအစဉ် အရ လာမယ့် နှစ်ကစပြီး သြစတြေးလျ ကျောင်းသားတွေ မြန်မာနိုင်ငံမှာ လေ့လာသင်ယူမှု လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်ဟာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး လာအိုနိုင်ငံကို သွားရောက်ပြီ ဖြစ်ကြောင်း အေဘီစီ သတင်းထောက် Samantha Hawley က နေပြည်တော်ကနေ သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment