Monday, July 7, 2014

တောင်ကြီးမြို့တွင် ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လူထု ဟောပြောပွဲ ကျင်းပ

သျှမ်းသံတော်ဆင့်၊ ယိင်းတိုင်း

တာင်ကြီးမြို့၊ ရေအေးကွင်း ရပ်ရှိ ဟုတ်ကြန့် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွင် ပုဒ်မ(၄၃၆) နှင့် ပတ်သက်၍ NLD ပါတီမှ ဦးတင်ဦး၊ တရား လွှတ်တော် ရှေ့နေ ဦးအောာင်သိန်း ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ ကိုကိုကြီးကို အံ့ဘွယ်ကျော်၊ ကိုကိုကြီး(စမ်းချောင်း) နှင့် မင်းကိုနိုင် တို့ မှ ဟောပြောခဲ့ကြသည်။

ယင်းလက်မှတ်ရေးထိုးဟောပြောပွဲသို့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ပြည်ထောင် စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပအမဖ၊ ကယန်းအမျိုးသားပါတီ၊ ကောင်ရွေးလူငယ်အသင်း၊ ရိုးမအလင်း၊ မျိုးဆက်သစ်(ရှမ်းပြည်)၊ သျှမ်းစာပေယဉ်ကျေးမှုအသင်း ၊ပအိုဝ်းစာပေယဉ်ကျေးမှု အသင်း၊ အင်းစာပေယဉ်ကျေးမှုအသင်း၊ ဓနုစာပေယဉ်ကျေးမှုအသင်းနှင့်ပြည်သူလုထု အပါအဝင် လူအင်အား လေးသောင်းကျော်တက် ရောက်ခဲ့ကြောင်း သိရ သည်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်အောင် NLD အနေဖြင့် ဦးတင်ဦးက သျှမ်းသံတော်ဆင့်အား ပြောပါသည်။

“ ၂၀၀၈ ကိုပြင်ဖို့က ၄၃၆ ကိုအရင်ပြင်ရမှာပေါ့ ဒါကိုပြင်လို့မရအောင် ပိတ်ထားတာ ပြည်သူတွေရဲ့ ဆန္ဒ၊ လွှတ်တော်တွေရဲ့ဆန္ဒ ဆိုရင်တော့ဒါကိုသူတို့လုပ်ကိုလုပ်ပေးရမှာပဲ၊ ထိုက်သင့်အား လျော်စွာအောင်မြင် လာတာတွေလဲရှိပါတယ်၊ လိုအပ်ရင်လိုအပ်သလို အေးအေး ချမ်းချမ်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အောင်မြင်အောင်လုပ်သွားမယ် ” ဟု ဦးတင်ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင် သည် သျှမ်းသံတော်ဆင့် နှင့် တောင်ကြီးအခြေစိုက် သတင်းသမားများ၏ မေးမြန်းချက်များကိုပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

တောင်ကြီးမြို့နယ်တွင် ဂျူလိုင်လ ၂ ရက်နေ့အထိ လူထုထောက်ခံလက်မှတ် သုံးသောင်းကျော် ရရှိခဲ့ကြောင်းနှင့် ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လူထုဟောပြောပွဲကျင်းပဖြစ်မြောက်ရေးအတွက် ဌာန ဆိုင်ရာတစ်ခုအား ငွေငါးသိန်းပေးဆောင်ခဲ့ရ ကြောင်း သိရှိရပါသည်။

No comments: