မှူး(အောင်လံ)
မကွေးတိုင်း၊ သရက်အကျဉ်းထောင်တွင် ထာင်ချခံထားရသည့် DVB သတင်းဌာန၏ မကွေးမြို့နယ်သတင်းထောက် ကိုဇော်ဖေ ဇူလိုင်လ ၄ ရက် နံနက်က လွတ်မြောက်လာပြီ ဖြစ်သည်။
ကိုဇော်ဖေ၏ အယူခံကို မကွေးတိုင်း တရားလွှတ်တော် ခုံရုံးက ပြစ်ဒဏ်သုံးလသို့ ပြင်ဆင်လျှော့ပေါ့သည့် အမိန့် ဇူလှိုင် ၃ရက်က ထုတ်ပြန်လိုက်ပြီး ယနေ့ လွတ်မြောက်လာခြင်း ဖြစ်သည်။
အောင်လံမြို့မော်တော်ဆိပ်သို့ ရှုတိုင်းယာဉ်ပဲ့ထောင်ဖြင့် မွန်းလွဲ ၁ နာရီတွင် ရောက်ရှိသည့် ကိုဇော်ဖေက ကျွန်တော် ထောင်ထဲဝင်သွားတဲ့အခါ မတရားတဲ့ ပုဒ်မနဲ့ ထောင်ချခံရတဲ့ ကျွန်တော့်ကို လွတ်မြောက်အောင် ဝိုင်းဝန်းပေးတဲ့ ဒီမိုကရေစီအင်အားစုတွေ မီဒီယာမိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်"ဟုပြောသည်။
ကိုဇော်ဖေကို ပညာရေးမှူးရုံးအတွင်း ကျောင်းသားမိဘတစ်ဦးနှင့်အတူ ပညာတော်သင်သတင်းကိစ္စ သွားရောက်သတင်းမေးမြန်းမှုကြောင့်၊ ပညာရေးဌာနက တရားလိုပြုကာ ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့ဖြင့် ၂ဝ၁၂ခုနှစ်ကလည်းက တရားစွဲဆိုခဲ့ပြီး ဧပြီလက ပြစ်ဒဏ် တစ်နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment