Saturday, July 26, 2014

ရခိုင်မှာကျန်းမာရေး ပြန်လုပ်ကိုင်ပေးဖို့ MSF ကို အစိုးရ တောင်းဆို

ABC

ရခိုင်ပြည်နယ်မှာ ​ကျန်းမာရေး ​လုပ်ငန်း ​ပြန်လည် ​လုပ်ကိုင်ပေးဖို့ ​မြန်မာအစိုးရက ​နယ်စည်းမခြားဆရာဝန်များအဖွဲ့ ​MSF ​ကို ​မနေ့က ​တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့ ​တဲ့ ​ဖေဖော် ​၀ါရီလက ​ဒေသတွင်းမှာ ​ဖြစ်နေတဲ့ ​အခြေ ​အနေ ​တွေနဲ့ ​ပတ်သက်ပြီး ​MSF ​အနေနဲ့ ​မီဒီယာတွေ ​ကို ​သတင်း ​အချက် ​အလက်တွေ ​မှားပေး ​တယ်ဆို ​ပြီးတော့ ​အစိုးရက ​သူတို့ရဲ့ ​ကျန်းမာရေး ​လုပ်ငန်း ​တွေကို ​ရပ်စဲလိုက် ​သလို ​ရခိုင် ​ပြည်နယ် ​ကနေလည်း ​ထွက်ခွာ ​ခိုင်းခဲ့ ​ပါတယ်။

လူသားတွေ ​ဖြစ်တဲ့ ​အတွက် ​အမှားနဲ့ ​မကင်း ​နိုင်တဲ့ ​အကြောင်း၊ ​အမှားဆိုတာ ​ကလည်း ​နှစ်ဦးနှစ်ဖက် ​စလုံးက ​ကျူးလွန် ​နိုင်တဲ့ ​အကြောင်း ​သမ္မတရုံး ​၀န်ကြီး ​ဦးစိုးသိန်း ​က ​မနေ့က ​ပြုလုပ်တဲ့ ​သတင်းစာ ​ရှင်းလင်း ​ပွဲမှာ ​ပြောသွားခဲ့ပါတယ်။

ဒါကြောင့်မို့ ​ရခိုင်ပြည်နယ်မှာ ​လုပ်ငန်း ​လုပ်ကြတဲ့ ​နိုင်ငံတကာ ​အဖွဲ့အစည်း ​၂၄ ​ဖွဲ့စလုံး ​အထူးသဖြင့် ​MSF ​အဖွဲ့ ​အနေနဲ့ ​အစိုးနဲ့အတူ ​လက်တွဲ ​လုပ်ကိုင် ​ကြဖို့ ​ဖိတ်ခေါ်ကြောင်း ​ဦးစိုးသိန်းက ​ပြောပါတယ်။

ဒါ့အပြင် ​ရခိုင်ပြည်နယ်မှာ ​လုပ်ငန်း ​လုပ်ကိုင်ကြမယ့် ​MSF ​၀န်ထမ်းတွေရဲ့ ​လုံခြုံရေးကိုလည်း ​အစိုးရက ​အာမခံပေးသွားမှာ ​ဖြစ်ကြောင်းလည်း ​ဆိုပါတယ်။

No comments: