Sunday, July 27, 2014

အပစ်ရပ်မူကြမ်းအပေါ် သုံးသပ်အကြံပြုချက်များ NCCT ခေါင်းဆောင် နိုင်ဟံသာ တင်ပြမည်

မင်းမင်း

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် ၈၉ဦး တက်ရောက်သည့် တိုင်းရင်းသားခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပထမနေ့ကို ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့တွင် ဇူလိုင် ၂၅ ရက် နံနက်ကိုးနာရီတွင် စတင်ကျင်းပနေပြီဖြစ်သည်။

ထိုအစည်းအဝေးတွင် အစီအစဉ် ၁၁ခုဖြင့် ကျင်းပမည်ဖြစ်ပြီး ထိုအထဲတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Single Text(မူကြမ်း) အပေါ် သုံးသပ်အကြံပြုထားသည့်စာတမ်းအား NCCT အဖွဲ့ခေါင်းေ ဆာင် နိုင်ဟံသာက တင်ပြမည်ဖြစ်သည်။

အစည်းအဝေး သဘာပတိအဖြစ်တာဝန်ယူထားသည့် ကေအိုင်အို ဥက္ကဌ ဦးဇောင်းဟရားက “ကျွန်တော်တို့ တိုင်းရင်းသားများအနေနဲ့ ညီညွတ်မှု၊ ခိုင်မြဲမှုတည်ဆောက်ကြရန် လိုအပ်သောအချိန်အခါလည်း ဖြစ်ပါပြီ” ဟု အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောသည်။

ယခု ပထမနေ့အစည်းအဝေးအစီအစဉ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Single Text(မူကြမ်း) အပေါ် သက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်များက အခန်းလိုက် ဆွေးနွေးပြီး သဘောတူညီ ချက်ရယူသွားမည်ဖြစ်သည်။

No comments: