ဖိုးစိုးသူ
ဆောင်းပါးရှင် စည်သူအောင်မြင့်ရေးသားပြီး ရန်ကုန်တိုင်းသတင်းဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးပြဿ၊နာကို ရန်ကုန်တိုင်းမ်သတင်းဂျာနယ် တာဝန်ရှိသူများနှင့် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ခေါင်းဆောင်များ၊ ညှိနှိုင်းမှု ပြု၊လုပ်ရာ ပြေလည်ခဲ့သည်ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မော်ဆွေက မဇ္ဈိမကို ဇူလိုင်လ ၂၁ ရက်တွင် ပြောသည်။
“ရန်ကုန်တိုင်းမ်ဂျာနယ်က မန်နေဂျင်းဒါရိုက်တာဦးဇော်ဝင်းခိုင်နဲ့ အဖွဲ့ က ကျွန်တော်တို့ပါတီ ကျေနပ်လောက်တဲ့အထိဆွေးနွေးပြီး ဂျာနယ်မှာ တောင်းပန်စာဖော်ပြပေးမယ့်အကြောင်း လာရာက်ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းမှု ပြေလည်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါသတင်းဆောင်းပါး ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြဿနာဖြစ်စေခြင်း၊ ပါတီအား ထိခိုက်စေလိုရန် ရည်ရွယ်၍ ဖော်ပြခဲ့ခြင်းမဟုတ်ဘဲ ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး မိမိတို့သတင်းစာတွင် ဖော်ပြခဲ့၍ ပြန်လည် တောင်းပန်ကြောင်း ဖော်ပြပေးမည်ဖြစ်သည်ဟု ရန်ကုန်မီဒီယာဂရုပ်၏ မန်နဂျင်းဒါရိုက်တာ ဦးဇော်ဝင်းခိုင်က ဆိုသည်။
“စော်ကားလိုစိတ် မရှိဘူး။ လူမှုရေးရှုထောင့်ကနေ ကြည့်ရင် တစ်ဖက်မှာ ထိခိုက်စေနိုင်တဲ့အတွက် တောင်းပန်ရခြင်းဖြစ်တယ်။ ဘာအချည်အနှောင်မှမရှိပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ဆောင်းပါးကို အရေးယူဆောင်ရွက်ပေးရန် မြန်မာနိုင်ငံစာနယ်ဇင်းကာင်စီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင် သို့ NDF ပါတီဌာနချုပ်က ဇူလိုင်လ ၁ ရက် ရက်စွဲဖြင့် တိုင်ကြားစာပေးပို့ခဲ့သည်။
ဇူလိုင်လ ၂ ရက်တွင် ထိုဆောင်းပါးနှင့်ပတ်သက်ပြီး ပါတီက ကန့်ကွက်စာထုတ်ခဲ့သည်။ ဆောင်းပါးပါ ရေးသားချက်များသည် ပါတီ၏ လက်ရှိလုပ်ဆောင်နေသည့် ဒီမိုကရေစီစနစ်တည်ဆောက်ရေးနှင့် ပြည်သူများအတွက် လုပ်ဆောင်နေမှုများအပေါ် အဆိုးမြင်စေသည့် သဘောထားများ စာဖတ်သူအတွင်းဖြစ်ပေါ်စေသည်ဟု အဆိုပါပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
No comments:
Post a Comment