Tuesday, July 22, 2014

ရွေးကောက်ပွဲနည်းဥပဒေ အချက် အချို့ ပြင်ဆင်ပေးဖို့ NLD အကြံပြု

ABC

လောမယ့် ​၂၀၁၅ ​ရွေးကောက်ပွဲဟာ ​လွတ်လပ်ပြီး ​တရားမျှတတဲ့ ​ရွေးကောက်ပွဲ ​ဖြစ်လာဖို့ ​အတွက် ​လွှတ်တော် ​ရွေးကောက်ပွဲ ​နည်းဥပဒေတွေနဲ့ ​ပက်သက်ပြီး ​အချက် ​၉ ​ချက်ပါတဲ့ ​အကြံပြုထုတ်ပြန်ချက် ​တစ်စောင်ကို ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​NLD ​ပါတီက ​မနေ့တုန်းက ​ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ​အကြံပြု ​ထုတ်ပြန် ​ချက် ​တွေ ​ဟာ ​ပြည် ​ထောင် ​စု ​ရွေးကောက်ပွဲ ​ကော်မရှင်ကို ​ရည်ညွှန်း ​ထားတဲ့ ​အကြံပြု ​ချက် ​တွေ ​ဖြစ်ပြီး ​နိုင်ငံရေး ​ပါတီ ​တွေနဲ့ ​ပြည် ​ထောင်စု ​ရွေး ​ကောက် ​ပွဲ ​ကော် ​မရှင် ​တို့ရဲ့ ​ဒီလ ​အတွင်း ​က ​တွေ့ဆုံမှု ​အတွင်း ​တောင်းဆို ​ခဲ့တဲ့ ​အချက်တွေ ​ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ​ကော်မရှင် ​ကနေ ​ထပ်မံ ​ထည့်သွင်း ​လိုက်တဲ့ ​ညွှန်ကြား ​ချက်တွေ၊ ​နည်း ​ဥပဒေ ​တွေဟာ ​လွတ်လပ်ပြီး ​တရား ​မျှတမှုကို ​ထိခိုက် ​နိုင်တဲ့ ​အတွက် ​အခုလို ​အကြံ ​ပြုတာ ​ဖြစ်တဲ့ ​အကြောင်း ​NLD ​ပါတီရဲ့ ​ဗဟို ​ကော်မတီဝင် ​ပြည်သူ့ ​လွှတ်တော် ​ကိုယ်စားလှယ် ​ဦးဝင်းမြင့်က ​ပြောပါတယ်။

“လွတ်လပ်ပြီး ​တရား ​မျှတတဲ့ ​ရွေးကောက်ပွဲ ​ဖြစ်အောင် ​အကြံပြု ​တာပါ။ ​ဟိုတုန်းက ​၉၀ ​တို့၊ ​၂၀၁၀ ​တို့ ​၂၀၁၂ ​တို့တုန်း ​ကလည်း ​အဲဒီ ​ရှိပြီးသား ​ဟာတွေ ​အပြင် ​ဒီဟာတွေက ​အကြံပြု ​တဲ့ဟာ ​တွေက ​အခုမှ ​ထပ်ပါ ​လာတွေက ​လွတ်လပ်ပြီး ​တရားမျှတတဲ့ ​ရွေးကောက်ပွဲကို ​အနှောက် ​အယှက်ဖြစ်မှာ ​စိုးလို့ ​ထိခိုက်မှာ ​စိုးလို့ ​အကြံပြုတာပါ။”


သူတို့ပါတီရဲ့ ​အကြံပြုချက် ​တွေထဲမှာ ​မဲဆွယ် ​စည်းရုံးခွင့် ​သက်တမ်းကို ​အရင် ​ရက်ပေါင်း ​၆၀ ​ကနေ ​ရက်ပေါင်း ​၃၀ ​ထိ ​လျော့ချ ​လိုက်တာတွေကို ​ပြန်လည် ​တိုးမြှင့် ​ပေးဖို့၊ ​မဲရုံ ​ဝင်ခွင့် ​ရသူတွေကို ​အတိအကျ ​သတ်မှတ်ပေးဖို့၊ ​မဲရုံ ​ဝင်ခွင့်ရတဲ့ ​ပုဂ္ဂိုလ်ကို ​၂ ​ဦးအထိ ​တိုးမြှင့်ပေးဖို့ ​ကိစ္စတွေနဲ့ ​ကြိုတင်ဆန္ဒမဲ ​လက်မှတ် ​တွေကို ​ရွေးကောက်ပွဲ ​ကျင်းပတဲ့ ​မနက် ​၆ ​နာရီ ​အထိသာ ​လက်ခံပေးဖို့ ​အချက်တွေ ​ပါဝင်ပါတယ်။

ဒါ့အပြင် ​ပယ်မဲ ​အဖြစ် ​သတ်မှတ်ဖို့ ​နည်းဥပဒေမှာ ​အရင်က ​အချက် ​၈ ​ချက် ​ပါဝင်ပြီး ​အခုအချိန်မှာ ​အဲဒီ ​အချက် ​၈ ​ချက်အပြင် ​ကော်မရှင်က ​ပယ်မဲအဖြစ် ​သတ်မှတ်ဖို့ ​ထုတ်ပြန် ​ထားတဲ့ ​ဆန္ဒမဲ ​လက်မှတ်တွေ ​ပါဝင်လာတဲ့ ​အချက်ကို ​ပယ်ဖျက် ​ပေးဖို့ဆိုတဲ့ ​အချက်တွေလည်း ​တောင်းဆိုထားပါတယ်။

လွတ်လပ်ပြီး ​တရားမျှတတဲ့ ​ရွေးကောက်ပွဲ ​ဖြစ်လာဖို့ ​ ဆန္ဒရှိတယ်ဆိုရင် ​ပြည်ထောင်စု ​ရွေးကောက်ပွဲ ​ကော်မရှင် ​အနေနဲ့ ​သူတို့ ​တောင်းဆိုတဲ့ ​အချက်တွေကို ​လက်ခံသင့် ​တယ်လို့ ​ဦးဝင်းမြင့်က ​ပြောပါတယ်။

“အန်ကယ်တို့က ​လွတ်လပ်ပြီး ​တရားမျှတတဲ့ ​ရွေးကောက်ပွဲ ​ဖြစ်အောင် ​အကြံပေး ​တာလေ၊ ​လွတ်လပ်ပြီး ​တရားမျှတတဲ့ ​ရွေးကောက်ပွဲ ​တကယ်ဖြစ် ​စေချင်တဲ့ ​စိတ်ဆန္ဒရှိ ​တယ်ဆို ​လို့ရှိရင်တော့ ​ဒါတွေက ​လက်ခံနိုင် ​ရမှာပေါ့။ ​အန်ကယ်တို့ ​အကြံပြု ​တာလည်း ​အသစ်အဆန်းမှ ​မဟုတ်ဘဲ ​၂၀၁၀ ​ရွေးကောက်ပွဲတို့၊ ​၂၀၁၂ ​ရွေးကောက်ပွဲတို့၊ ​၁၉၉၀ ​ရွေးကောက်ပွဲ ​တို့တုန်းက ​လည်း ​ဒါမျိုးတွေ ​မရှိခဲ့ဘူးလေ၊ ​မရှိခဲ့လို့ ​ခုဟာက ​အသစ်အဆန်းတွေ ​ဖြစ်နေလို့ ​အန်ကယ်တို့က ​အကြံပြုတာဘဲ”

ပြည်ထောင်စု ​ရွေးကောက်ပွဲ ​ကော်မရှင်ရဲ့ ​ဖြည့်စွက် ​ညွန်ကြား ​ချက်တွေ၊ ​နည်းဥပဒေတွေ၊ ​စည်းကမ်းချက် ​တွေဟာ ​ရွေးကောက်ပွဲ ​ဝင်ရောက် ​ယှဉ်ပြိုင်မယ့် ​ကိုယ်စားလှယ် ​လောင်းတွေ ​အတွက် ​အခက်အခဲတွေ ​ရှိနိုင်ပြီး ​ဒီဟာတွေကို ​ပြင်ဆင်မှု ​မရှိဘူး ​ဆိုရင်တော့ ​လာမယ့် ​ရွေးကောက်ပွဲမှာ ​လွဲချော်မှုတွေ ​ဖြစ်ပေါ်နိုင်တယ်လို့ ​နိုင်ငံရေး ​ပါတီအချို့ ​ကလည်း ​ဝေဖန်မှု ​တွေရှိနေတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: