ကျော်စိုးမိုး
ပြီးခဲ့သည့် ဇွန် ၄ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်တောင်တိုင်း၊ ဟိုပုန်းခရိုင်၊ မိုင်းကျဉ်းကျေးရွာမှ NLD ဆောင်ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အသတ်ခံရ မှု တစ်လခန့်ကြာနေပြီဖြစ်သော်လည်း ကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဟု ဟိုပုန်းခရိုင် NLD ပါတီ၏ အမှုဆောင်ဥက်္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္ဈိမကို ပြောသည်။
"ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ သွားတွေ့တုန်းက သူတို့အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေပါတယ်။ စိတ်ရှည် ရှည်ထားဖို့ပြောပါတယ်။ ဗဟိုကလဲဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်ထားတယ်လို့ပြောပါ တယ်”ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေသော်လည်း ထူးခြားမှု မရှိပါကယခုလအတွင်း ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားမည်ဟု ဦးတင်မောင်တိုးက ဆိုသည်။
အခင်းဖြစ်ပွားရာနေရာသည် RCSS ထိန်းချုပ်နယ်မြေဖြစ်ပြီး ခလရ ၂၄၉ တပ် ဧရိယာနှင့် သုံးမိုင်ခန့်အ ကွာ၊ ပအိုဝ်းပြည် သူ့စစ် KNO နှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဟိုပုန်းမြို့မရဲစခန်းမှ တာဝန်ကျရဲတပ် ကြပ်တစ်ဦးက“ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ လော လောဆယ်တော့ မသင်္ကာဖွယ်လူတစ်ယောက်ကို စခန်းမှာဖမ်းဆီးစစ်ဆေးနေပါတယ်၊။ အမြန်ဆုံးဖမ်း မိအောင်ဆောင်ရွက်သွားမှာပါ”ဟု ဇူလိုင် လ ၃ ရက် မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှု ကို ပြန် လည်ဖြေ ကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ဟိုပုန်းမြို့မရဲစခန်းမှ ဇွန်လ ၅ ရက်တွင် ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိသည်။
No comments:
Post a Comment