Monday, August 25, 2014

သိမ်းဆည်းမြေဧက အတိအကျ စစ်တပ်ချပြမှသာ ပြဿနာရှင်း နိုင်မည်ဟု စုံစမ်းရေး ကော်မရှင်ပြော

ကေဇူး

စစ်တပ်ကသိမ်း ဆည်းထားသော လယ်ယာမြေဧက အရေအတွက်ကို အတိအကျဖော် ပြရန်လိုအပ်ပြီး ထို သို့မဖော်ပြနိုင်ခြင်းကြောင့် လယ်ယာမြေပြဿနာ များ ဖြေရှင်းရန်ခက်ခဲ နေသည်ဟု နေပြည်တော်ကောင်စီ လယ်ယာမြေစုံစမ်း စစ်ဆေးရေး အဖွဲ့ဝင်ဦးမင်းသူက သြဂုတ် ၂၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြေယာဧက နှစ်သိန်းကျော်စွန့်လွှတ်လိုက်သည်ဟု အစိုးရက သြဂုတ် ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ တွင် သိမ်းဆည်းထားသော လယ်ယာမြေဧက အရေအတွက်ကို ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။ ထိုအချက် မှာ ပြည်သူအပေါ်တွင် ရှင်းလင်းတိကျမှုမရှိဟု ဦးမင်းသူက တုံ့ပြန်သည်။

“ဘယ်လောက်သိမ်းထားသလဲဆိုတာ အရင်ထုတ်ပြန်သင့်တယ်။ ဒီလောက်တော့သိမ်းထားတယ်။ အခုဒီ လောက်စွန့်လွှတ်တယ်လို့ပြောမှရှင်းမယ်”ဟု ၎င်းက ဆိုသည်။လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုစုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှုအရ ပြုစုထားသောစာရင်းများတွင် စစ်တပ်ကသိမ်း ဆည်းထားသော လယ်ယာမြေဧက လေးသိန်းကျော်ရှိသည်ဟု ဦးမင်းသူက ဆိုသည်။

“အစိုးရထုတ်ပြန်တာတွေက ကိန်းဂဏန်းတွေသာဖြစ်တယ်။ လက်တွေ့မှာတောင်သူတွေလက်ထဲကိုအ ကုန်မရောက်ပါဘူး၊ဒါကြောင့် လည်း ပြဿနာတွေတ က်နေတာပေါ့”ဟု ၎င်းကဆိုသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်ကသိမ်းဆည်းထားသော လယ်ယာမြေများအနက် ဧကတစ် သိန်းကျော်ကို တောင်သူများထံလွှဲပြောင်းရန်ကျန် ရှိနေသေးသည်ဟု သြဂုတ် ၂၂ ရက်ထုတ် နိုင်ငံပိုင်သ တင်းစာများတွင် ဖော်ပြထားသည်။

အစိုးရသတင်းစာ၏ ဖော်ပြချက်တွင် စစ်တပ်က ဧကနှစ်သိန်းတစ်သောင်းကျော် စွန့်လွှတ်ပြီးဖြစ်သော် လည်း တောင်သူများထံလွှဲပြောင်းပြီး ဧကမှာ ၄၀,၀၀၀ ကျော်သာရှိပြီး တိုင်းနှင့်ပြည်နယ်အစိုးရ အဖွဲ့များ ကတစ်ဆင့် ပြည်သူသို့လွှဲပြောင်းရန် ဧကတစ်သိန်းကျော် ကျန်ရှိနေသေးသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

No comments: