ABC
အီဘိုလာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေတဲ့ Guinea နဲ့ Liberia နိုင်ငံ ကနေ ပြန်လည် ရောက်ရှိ လာတဲ့ မြန်မာ တစ်ဦးကို မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ဆေးရုံမှာ စောင့်ကြည့်စစ်ဆေးမှု လုပ်နေပါတယ်။
အဲဒီ အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံ သားဟာ Guinea နိုင်ငံမှာ တစ်နှစ်ကျော်ကြာ အလုပ်လုပ် ခဲ့သူဖြစ်တဲ့ အတွက် သံသယရှိနေကြတာဖြစ်ပါတယ်။
အပြင်းအထန် ဖျားနာ မှုဖြစ်နေပြီး အားအင်ချိနှဲ့သလို ဖြစ်နေခဲ့ရာက လူလေးယောက်က ဆေးရုံကို လာ ရောက် ပို့ ဆောင် ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလူနာကို လာရောက်ပို့ ဆောင်ခဲ့ သူတွေကိုလည်း ဆေးရုံမှာ စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်နေပေမယ့် အခုချိန်ထိတော့ ဖျားနာတဲ့ လက္ခာဏာတွေ မတွေ့ရ ဘူးလို့ ဆိုပါတယ်။
အခုလောလောဆယ် အီဘိုလာ ရောဂါပိုး ရှိမရှိကို သိရှိဖို့ သွေး၊ ဆီးအစရှိတဲ့ နမူနာတွေကို အိန္ဒိယနိုင်ငံကို ပို့ဆောင် ထားပြီလို့ မြန်မာ ကျန်းမာရေး ဝန်ကြီးဌာနက ဒုညွှန်ကြားရေးမှူးချုပ် ဦးထွန်းတင်က အေအက်ဖ်ပီကို ပြောပါတယ်။
အဲဒီ စမ်းသပ်မှုက သုံးရက်၊ လေးရက်လောက် ကြာမြှင့်မှာဖြစ်ပြီး အဲဒီနောက်မှာတော့ အီဘိုလာပိုး ရှိမရှိ သိရှိနိုင်မယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးစနစ်ဟာ နိမ့်ကျလွန်းတဲ့အတွက်လည်း မြန်မာနိုင်ငံမှာ အီဘိုလာလို ကြောက်စရာကောင်းတဲ့ ရောဂါပိုး ပျံ့နှံ့မယ်ဆိုရင် မတွေးဝံ့စရာ ဖြစ်လိမ့်မယ်ဆိုပြီးတော့လည်း လူမှုကွန်ယက်တွေမှာ ရေးသားထုတ်ဖော်ပြောဆိုနေကြပါတယ်။
ဗီယက်နမ်နိုင်ငံမှာလည်း နာမကျန်းဖြစ်နေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးကို စောင့်ကြည့်စစ်ဆေးမှု လုပ်နေပါတယ်။
အဲဒီ နိုင်ဂျီးရီးယားနိုင်ငံသား နှစ်ဦးရဲ့ ဘေးနားကနေ လေယာဉ်ပေါ် လိုက်ပါစီးနှင်းလာသူတွေကိုလည်း မိမိရဲ့ ကျန်းမာရေးတွေ စောင့်ကြည့်ကြဖို့ သတိပေးချက်တွေ ပို့ဆောင်ထားပါတယ်။
ဒါ့အပြင် လေဆိပ်တွေမှာ လူတိုင်းရဲ့ ကိုယ်အပူချိန်ကို တိုင်းတာမှု လုပ်နေတယ်လို့လည်း သိရပါတယ်။
ဆက်စပ်သတင်း
အီဘိုလာ ရောဂါပိုး တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး နယ်စည်းမခြား ဆရာဝန်များအသင်း MSF က ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။
အီဘိုလာ ရောဂါစတင်ဖြစ်ပွားတဲ့ ၂၀၁၄ နှစ်ဦးပိုင်းကစပြီး လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီး အာဖရိကတိုက်ထဲက နိုင်ငံ လေးနိုင်ငံမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။
အီဘိုလာပိုး တိုက်ဖျက်ရေးမှာ နယ်စည်းမခြားဆရာဝန်များအသင်း MSF တစ်ခုတည်းကသာ တိုက်ဖျက်နေသလို ခံစားရပြီး တခြားအဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ အီဘိုလာရောဂါပိုးကုသရေး သီးသန့်ဌာနထားရှိတာမျိုးတွေ များများစားစား လုပ်ဆောင်နေတာ မတွေ့ရဘူးလို့ MSF အဖွဲ့က ဝေဖန်လိုက်ပါတယ်။
အီဘိုလာ ရောဂါပိုးကြောင့် တချို့လေကြောင်းလိုင်းတွေဟာ အီဘိုလာ ဖြစ်ပွားရာနိုင်ငံကို မပျံသန်းတော့သလို အိမ်နီးခြင်းနိုင်ငံတွေကလည်း နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အတွက် စီးပွားရေးနစ်နာမှုတွေ ဖြစ်နေရပါတယ်။
ဒီရောဂါပိုးကြောင့် ကျန်းမာရေးအခြေအနေသာမက လူသားခြင်းစာနာမှုအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေနဲ့ လုံခြုံရေးအခြေအနေတွေပါ ထိခိုက်နစ်နာလာနိုင်တယ်လို့လည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။
အီဘိုလာပိုး ပြန့်ပွားမှုနည်းပါးအောင် လိုင်ဘေးရီးယားနိုင်ငံ အစိုးရက မြို့တော် Monrovia မှာ ကာဖြူးအမိန့်တွေချမှတ်ထားပြီး တချို့ရပ်ကွက်ကိုတော့ လုံးဝအဝင်အထွက်မရှိတော့အောင် ခွဲခြားထားလိုက်ပြီ ဖြစ်ပါတယ်။

No comments:
Post a Comment