Thursday, August 7, 2014

လက်ရှိ အင်တာနက် မြန်နှုန်းဖြင့် အွန်လိုင်းဗီဇာ အကောင်အထည် ဖော်ရန် လုပ်ငန်းရှင်များ စိုးရိမ်

နိုင်နိုင်ဇော်

E-Visa အွန်လိုင်းဗီဇာ အကောင်အထည် ဖော်ရန် လက်ရှိ အင်တာနက် မြန်နှုန်း စိန်ခေါ်ချက်အသွင်ဖြင့် ရှိနေသည်ဟု ခရီးသွားလုပ်ငန်း ရှင်များက ဆိုသည်။

လာမည့် စက်တင်ဘာမှ စတင်ကာ နိုင်ငံခြား ခရီးသွား ကဏ္ဍတွင် အွန်လိုင်းဗီဇာ ၀န်ဆောင်မှု စတင်မည်ဟု ဆိုသော်လည်း နိုင်ငံ၏ အင်တာနက် မြန်နှုန်း နှေးကွေးမှု များအပေါ် စိုးရိမ်မိသည်ဟုခရီးသွား လုပ်ငန်းရှင်များက ပြောသည်။

မန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်အသင်း ဥက္ကဋ္ဌဒေါက်တာ အောင်မြတ်ကျော်က “ အွန်လိုင်း ဗီဇာစနစ် အကောင် အထည်ဖော် မယ်ဆိုရင် အင်တာနက် မြန်နှုန်းကောင်း ဖို့တော့လိုတယ်။ဒါပေမယ့် တစ်ဖက်နိုင်ငံ ရဲ့အွန်လိုင်းပေါ် မှာလည်း ရှိနေသေးတော့ အရမ်းကြီးတော့ ပြောလိုမရဘူး။ မြန်မာနိုင်ငံရဲ့ အွန်လိုင်းအခြေ အနေနဲ့ဆို ရင်တော့ အနည်းငယ် ထိခိုက်နိုင်မယ် ”ဟု ဆိုသည်။

ဆက်သွယ်ရေး တာဝန်ရှိသူများက အင်တာနက် အွန်လိုင်းနှေးကွေး နေမှုမှာလာမည့် ၂၀၁၅ အထိ ဆက်ရှိ နေနိုင်သည်ဟု ၀န်ခံထား ခြင်းကြောင့် မကြာမည် စတင်မည့် အွန်လိုင်းဗီဇာဝန်ဆောင် မှုအပေါ် အကျိုးသက် ရောက်မှုများ ရှိလာမည်ကို လုပ်ငန်းရှင်များက စိုးရိမ်နေကြ ခြင်းဖြစ်သည်။

ရွှလှည်းယာဉ် ခရီးသွားလုပ်ငန်းမှ ဈေးကွက်မန် နေဂျာတစ်ဦးက “အွန်လိုင်းဗီဇာ ရဖို့အတွက် လုပ်ငန်းရှင်တွေ အတော်လေး ကြိုးစားခဲ့ရတယ်။ အခုအစိုးရ လက်ထက်မှာမှ ခွင့်ပြုချက်ရတယ်ဆိုပေမယ့် အွန်လိုင်းနှေး ကွေးမှုကြောင့်တော့ E-Visa စနစ် ထပ်မကြာ စေချင်ဘူး။ ပတ်ဝန်းကျင် နိုင်ငံတွေမှာ ခရီးသွားများတာက ဒီစနစ်အောင် မြင်တာလည်းပါတယ် ” ဟု ဆိုသည်။

ဟိုတယ်နှင့်ခရီး သွားလာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၃.၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ သို့ နိုင်ငံခြား သားခရီးသည် ၂ ဒသမ ၁ သန်းကျော်အထိ ၀င်ရောက်ခဲ့ပြီး၊ နိုင်ငံခြားဝင်ငွေကန်ဒေါ်လာ ၁ ဘီလျံနီးပါးရရှိ ခဲ့သည်ဟုဆိုသည်။ သို့သော် ဒေသတွင်း အာဆီယံဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံသို့ ၂၄ သန်း၊ မလေးရှားသို့ ၂၈ သန်း၊ ဗီယက်နမ်သို့ ခုနစ်သန်းအထိနိုင်ငံခြားခရီးသွား ၀င်ရောက်ခဲ့ရာ ယင်းတို့နှင့် နှိုင်းယှဉ်ပါက နည်းပါးလျက် ရှိသည်။

No comments: